ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကုသရင် လူနာတယောက်တရက် ကုန်ကျမယ့် စရိတ်

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကုသရင် လူနာတယောက် တရက် ကုန်ကျမယ့် စရိတ် သိရပြီ

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ကုသရင် လူနာတယောက် တရက် ကုန်ကျမယ့် စရိတ် သိရပြီသာမန်ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့သူတွေအနေနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသမယ်ဆိုရင် တစ်ရက်ကို ကျပ်ငွေ တစ်သိန်းခွဲလောက် ကုန်ကျနိုင်တယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံလုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။

ရောဂါမပြင်းထန်ရင် တစ်ရက်ကို တစ်သိန်းခွဲလောက်တော့ ကုန်နိုင်တယ်။ ရောဂါပြင်းထန်တယ် အထူးကြပ်မတ်ဆောင် ဝင်ရမယ်ဆိုရင်တော့ နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ကုန်ကျနိုင်ပါတယ်။ ဒါက ခန့်မှန်းခြေပါ၊ တချို့က ဆီးချို၊ သွေးတိုး ရောဂါတွေ တွဲပါလာမယ်ဆိုရင် ကုန်ကျစားရိတ်က ပိုနိုင်ပါတယ်” လို့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

သာမန် ကိုဗစ်လူနာတစ်ယောက်ရဲ့ ဆေးဝါးကုသချိန်ဟာ (၁၀) ရက်လောက်ရှိပြီး ရောဂါပြင်းထန်တဲ့ လူနာတွေကတော့ တစ်လလောက် အချိန်ယူကုသမှု ခံယူရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေ ကုသနိုင်တော့မှာဖြစ်တဲ့အတွက် အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းပြီး ကိုဗစ်ရောဂါမဟုတ်တဲ့ တခြားရောဂါတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကုသမှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါကုသပေးဖို့ မြောက်ဥက္ကလာမြို့နယ်က ရွှေလမင်းဆေးရုံ၊ လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဆေးရုံ၊ ဗဟန်းမြို့နယ်က SSC ဆေးရုံနဲ့ အလုံမြို့နယ်က အကယ်ဒမီဆေးရုံတို့က ကျန်းမာရေးဝန်ကြီးဌာနထံမှာ လျှောက်ထားတယ်လို့ သိရပါတယ်။အခုအချိန်မှာတော့ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဆေးရုံကို အစိုးရက ကိုဗစ်ကုသခွင့်ပေးထားပြီး N Health Myanmar ဓာတ်ခွဲခန်းကို ရောဂါစစ်ဆေးခွင့်ပေးထားတယ်လို့ သိရပါတယ်။credit