လူတိုင်းမလုပ်နိုင်တဲ့ သံဃာတော်များရဲ့ အိမ်သာ ဆေးပြီး မွန်မြတ်လှတဲ့ ကုသိုလ်ယူခဲ့တဲ့ ပိုးအိအိခန့်

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုးအိအိခန့်ကတော့ သရုပ်ဆောင်ကောင်းသလို ကျရာဇာတ်ရုပ်အပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ နေရာယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပိုးအိအိခန့်က လက်ရှိမှာလည်း အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မေမေဖြစ်နေပြီဆိုပေမယ့် သူမကိုချစ်ကြတဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခြင်းမရှိအောင် ကြိုးစားနေလျက်ရှိပါတယ်

လက်ရှိကိုဗစ်ကာလမှာ အနုပညာအလုပ်တွေကို မလုပ်ကိုင်သေးပဲ မိသားစုကိစ္စတွေနဲ့ ဘာသာရေးကိုသာ အာရုံစိုက်လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးအိအိခန့်က အားတဲ့အချိန်လေးမှာ လူတကာမလုပ်နိုင်တဲ့ သံဃာတော်များရဲ့ ကုဋီဆေးပြီး ကုသိုလ်ယူခဲ့တဲ့ အမှတ်တရ လေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့အတွက် အခုလိုပဲ မျှဝေပေးထားပါတယ်။

သံဃာတော်များရဲ့ ကုဋီ (အိမ်သာ) ဆေးရခြင်းအကျိုးကျေးဇူးကတော့ အရမ်းကို မွန်မြတ်လှတဲ့ ကုသိုလ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးအိအိခန့်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*