
Romantic ဆန်ဆန် ရေကူးကန်နဘေးမှာ သူမအတွက် ဟော့ပေါ့စားပွဲ ပြင်ဆင်ပေးနေတဲ့ ချစ်သူလေးကို ဗီဒီယိုခိုးရိုက်ကာ သည်းသည်းလှုပ် ချစ်မဝဖြစ်နေတဲ့ နန်းဆုရတီစိုး
အပြစ်ပြောရက်စရာမရှိလောက်အောင်ကို နုပျိုလှပပြီး ချစ်စရာကောင်းနေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကိုဝါသနာပါလွန်းသူဖြစ်တာကြောင့် အချိန်ပြည့် အားထုတ်ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းဆုရဲ့ အနုပညာလှုပ်ရှားမှုတွေတိုင်းကို တစ်ခဲနက်အားပေးနေကြတာလည်း ဖြစ်ပါတယ်။
သူမဟာ မကြာသေးခင် ရက်ပိုင်းကလည်း ခရစ္စမတ်သီချင်းသစ်လေးတစ်ပုဒ်ကို ထုတ်လုပ်ဖြန့်ချိထားတာပဲ ဖြစ်ပြီး ဒီသီချင်းလေးဟာ လတ်တလောမှာ ပရိသတ်တွေရဲ့ အထူးကြိုက်နှစ်သက်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။
နန်းဆုဟာ သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလေ့ရှိတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း နန်းဆုရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ရေကူးကန်ဘေးမှာချစ်သူလေးနဲ့ အတူ ကြည်နူးပြုံးပျော်စွာ ဟော့ပေါ့လုပ်စားနေတဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်သူကောင်လေးကို သေချာမပြောပြသေးတာကြောင့်လည်း ပိုပြီးတော့ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ အားလုံးလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Leave a Reply