မိခင်ရဲ့ ဆံပင်နဲ့ ငြိပြီး ခြေချောင်းလေးတွေ ပြတ်မလိုဖြစ်ခဲ့ရတဲ့ ကလေးငယ်

မွေးကင်းစ ကလေးငယ်လေးတစ်ဦးဟာ မိခင်ဖြစ်သူရဲ့ ဆံပင်တွေနဲ့ ငြိမိပြီး ခြေချောင်းလေး (၂)ချောင်း ပြတ်မလိုဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မီချီဂန်မြို့က (၁၀)ပတ်သားအရွယ် Jacob Fricke အမည်ရှိ ကလေးငယ်ဟာ သူ့ခြေချောင်းလေးတွေ အပြာရောင် ပြောင်းနေတာကို တွေ့တွေ့ချင်းပဲ မိဘဖြစ်သူများက အလျင်အမြင်ဆေးရုံပို့ပေးခဲ့ပါတယ်။


တွေ့ကြုံခဲ့ရတဲ့ ထိတ်လန့်စိုးရိမ်ဖွယ်ဖြစ်ရပ်အား အခြားမိခင်တွေ သတိထားနိုင်ကြစေဖို့ Jacob ရဲ့ မိခင် Heather က Facebook ပေါ်မှာ တင်ခဲ့ပါတယ်။ ကလေးငယ်ကို အစားအစာကျွေးပြီး အင်္ကျီလဲပြီးချိန်မှာတော့ ခင်ပွန်းဖြစ်သူက ကလေးရဲ့ ခြေချောင်းလေးတွေ မူမမှန်တာကို သတိထားမိခဲ့တာဖြစ်ပါတယ်။ တခြားမိဘတွေအကုန်လုံးလည်း ဒီအကြောင်းကို ဖတ်ပြီး သတိထားကြဖို့ သူမရဲ့ Facebook စာမျက်နှာမှာ ရေးခဲ့ပါတယ်။

“ကလေးကို ခြေအိတ်ဝတ်ပေးဖို့ သူ့အဖေ Tommy ကို ပေးလိုက်ချိန်မှာ ကလေးရဲ့ ခြေချောင်းတွေဟာ ဆံပင်တွေနဲ့ စည်းမိနေပြီး ပြာနေတာကို တွေ့ခဲ့ပါတယ်။ ဆံပင်ချည်တွေကို တတ်နိုင်သလောက် ဖြည်ပေးကာ အရေးပေါ်ဌာနကို အမြန်သွားခဲ့ပြီး ဆရာဝန် (၅) ယောက်က ကလေးရဲ့ ခြေချောင်းလေး (၂) ချောင်းမှာ ငြိနေတဲ့ ကျွန်မရဲ့ ဆံပင်တွေကို (၁) နာရီကြာအောင် ဖယ်ရှားပေးခဲ့ရပါတယ်” လို့ Heatherက ပြောပြခဲ့ပါတယ်။


အိမ်မှာကတည်းက တတ်နိုင်သလောက် ဆံပင်ချည်တွေ အရင်မဖြည်ပေးခဲ့ရင် ခြေချောင်းလေးတွေ ဖြတ်ပစ်ရတဲ့အထိ ဖြစ်နိုင်ကြောင်း ကလေးကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေ ပြောကြားချက်အရ သိရပါတယ်။ မိဘနှစ်ဦးရဲ့ အလျင်အမြန်သိပြီး ကုသလိုက်နိုင်မှုတွေကြောင့် ကလေးရဲ့ ဒဏ်ရာဟာ အခုသက်သာနေပြီဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*