ရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့
သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။
သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီးအကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။

မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး
ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။
ယမန်နေ့ကတော့ မြင့်မြတ်ရဲ့ဖခင် ဦးမြင့်ကျော်က သူဖုန်းခေါ်ရင် မြင့်မြတ်အနေနဲ့ဖုန်းကိုင်စေချင်တဲ့အကြောင်း
မီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့်မြင့်မြတ်အနေနဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်
ယနေ့မှာတော့ မြင့်မြတ်ရဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးက

ဝေဖန်ခံနေရတဲ့ မြင့်မြတ်ဘက်က ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်
ယုန်လေးက “အားလုံး ဆန္ဒမစောစေချင်ပါဘူး .
လူတိုင်းကို ကူညီနေတဲ့ မြင့်မြတ်စက်အဖွဲ့ က လူတစ်ယောက် ဒုက္ခရောက်ရင်တောင် ကူညီတဲ့ မြင့်မြတ်
သူ့ အဖေ အမေ အရင်းမောင်နှစ်မ တွေကို ဘာမှမလုပ်ပေးဖူးဆိုတာဦးနောက် နဲ့ စဉ်းစားပေးကျပါ .
လစဉ် ထောင်ပံ့ကြေးမဆိုလိုဖူး .
အဖေ အမေ ကိုကန်တော့တာ ဘယ်လောက်ထင်လဲ
မှန်းကြည့်တာထက် ၃ ဆ လောက်ပိုနေရပါမယ်
Covid ကြောင့် ဘယ်လိုခက်ခဲခဲ နော် .
တာဝန် မပျက်စေရဘူး
ကျွန်တော်တို့ အားလုံးသိတဲ့ လူတွေ အတွက်လည်း ပြောရဖို့ ခက်ခဲပါတယ်
မိသားစု အရေးဆိုတော့ မြင့်မြတ် ဆိုတာ နာမည်နဲ့ လောက်အောင်မြင့်မြတ်ပါတယ်
ဘာမှ မသိပဲ မဝေဖန်ပါနဲ့ဦး
ဒါပဲ ပြောချင်ပါတယ် .မနက်ဖြန် ရေးတင်ပါမယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်
ယုန်လေးကတော့ ဖခင်ဖြစ်သူကို ပစ်ထားခဲ့တယ်ဆိုပြီး
ဝေဖန်ခံနေရတဲ့ မြင့်မြတ်ဘက်က ပြန်လည်ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်နော်
ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောခဲ့ကြပါအုန်းနော်
ရွှေရောင်မြန်မာ
Leave a Reply