သမီးလေးရဲ့ဂုဏ်ယူရတဲ့ဖခင်ဖြစ်အောင် Iron Man ဝတ်စုံဝတ်ပြီး ကျောင်းလာကြိုခဲ့တဲ့ဖခင်

တရုတ်နိုင်ငံ ၊ Hangzhou မြို့မှာ နေထိုင်လျက်ရှိတဲ့ Bao Guojian အမည်ရှိတဲ့အမျိုးသားဟာ တကယ့် Iron Man ဝတ်စုံကိုဝတ်ဆင်ပြီးနောက် 7နှစ်အရွယ်သမီးငယ်ရဲ့ သူငယ်တန်းကျောင်းအထိ ကိုယ်တိုင်သမီးလေးကိုသွားကြိုခဲ့ပါတယ် ။ ဖခင်ဖြစ်သူက စူပါဟီးရိုးတစ်ယောက်ဆိုပြီး သူငယ်ချင်တွေကိုပြောပြခဲ့ပေမဲ့ သူငယ်ချင်းတွေကလိမ်ညာနေတာဆိုပြီးပြောဆိုခဲ့လို့

ယခုလိုဖခင်ဖြစ်သူက Iron Man ဝတ်စုံဝတ်ပြီး ကျောင်းလာကြိုတော့ အတော်လေးကိုဂုဏ်ယူမိကြောင်း သမီးဖြစ်သူကပြောပြခဲ့ပါတယ် ။ အသက် 34 နှစ်အရွယ်ဖခင်ဖြစ်သူကတော့ Iron Man ဝတ်စုံတွေစုဆောင်းရတာကို အတော်လေးဝါသနာပါသူဖြစ်ပါတယ် ။ ထိုအချိန်တုန်းက သမီးငယ်လေးဟာ အသက် 7နှစ်သာရှိသေးတဲ့အတွက် ဖခင်ဖြစ်သူက Iron Man ဆိုပြီးအမှန်တကယ်ယုံကြည်ကာ သူငယ်ချင်တွေထံပြောပြခဲ့ပေမဲ့ သူငယ်ချင်းများက စနှောက်နေခဲ့လို့ အတော်လေးအရှက်ရနေခဲ့တဲ့အချိန်ပါ ။

တစ်ရက်မှာတော့ ဖခင်ဖြစ်သူက သမီးဖြစ်သူကိုအသိမပေးပဲကျောင်းရှေ့သို့ရောက်လာခဲ့ပြီး ၊ အခြားကျောင်းသားများကလည်း ” Iron Man လာနေပြီ” ဆိုပြီး အော်ဟစ်ခဲ့ကြလို့ ကလေးငယ်တွေကလည်း အမှန်တကယ် စူပါဟီးရိုးတစ်ယောက်တွေ့မြင်နေသလို အတော်လေးစိတ်လှုပ်ရှားခဲ့ကြပါတယ် ။ ထို့နောက် Lele ရဲ့ဖခင်ဖြစ်သူနှင့်လည်း အတူဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။ Lele ကတော့ အဆိုပါနေ့လေးကို ဂုဏ်ယူရလွန်းလို့ ယနေ့ထိတိုင်မမေ့နိုင်အောင်ဖြစ်နေပါတယ် ။

ဖခင်ဖြစ်သူ Bao Guojian ကတော့ သူ့ရဲ့ဘဝတစ်လျှောက်လုံး Iron man ဝတ်စုံတွေကို စုဆောင်းသွားမှာဖြစ်ပြီး ၊ ယခုအချိန်မှာတော့ Iron man ရဲ့ဝတ်စုံ အစိတ်အပိုင်းပေါင်း 300 ကျော်ခန့်ကို ပိုင်ဆိုင်ထားနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*