ထီအရောင်း စာရေး မှားပေး တဲ့ ထီလ က်မှတ် ကနေ ဒေါ်လာ (၂) သန်းဆု ပေါက် ခဲ့သူ

ထီပေါက်မှ ထီလက်မှတ်ပျောက် တတ်ကြသူတွေ ရှိသလို ထီမှား ထိုးပြီး ထီဆုကြီးသွားတာလည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဒက်ထရိုက် မြို့ဆင်ခြေဖုံးက လူတစ်ယောက်ဟာ ထီလက်မှတ်မှားယွင်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ အမှားကောင်းဖြစ်သွားပြီး အဲဒီထီလက်မှတ်ကနေ ထီ ၂ သန်းဆု ပေါက်သွား ခဲ့ပါတယ်။ မီရှီဂန်ထီဌာနရဲ့အဆိုအရ အဲဒီလူဟာ မီရှီဂန်ပြည်နယ်၊ Eastpointe က ဂတ်စ်ဆိုင်တစ်ခုမှာ ကားဘီးတာယာလေထိုးဖို့ ရောက်ရှိလာခဲ့ပါတယ်။ သူဟာအကြွေလိုတာကြောင့် Lucky 7 ရဲ့ ၁၀ ဒေါ်လာတန်ထီလက်မှတ်ကို ဝယ်ယူခဲ့ ပါတယ်။

ကံကောင်းချင်တော့ ထီအရောင်းစာရေး က သူ့ကို ၁၀ ဒေါ်လာတန် အစား ၂၀ ဒေါ်လာ တန် ထီလက်မှတ် ကို မှားပေးလိုက် ပါတယ်။ အရောင်းစာရေး က ပြန်လည်ပေး မယ်လို့ပြောပေမဲ့လည်း တစ်စုံတစ်ရာက သူ့ကို ဒီထီလက်မှတ်ပြန်မလဲဖို့ တိုက်တွန်းနေသ လိုခံစားရတာကြောင့် ပြန်မလဲတော့ဘဲ ၂၀ တန်ထီကိုပဲ ထိုးခဲ့ ပါတယ်။

သူ့အတွက် ကံကောင်းချင်တော့ ထီလက်မှတ်က ဒေါ်လာ ၂ သန်းဆု ပေါက်ခဲ့ ပါတယ်။ ကံတရားက သူ့ကို မျက်နှာသာပေးလိုက်တာပါပဲ။အသက် ၅၇ နှစ်လောက်အရွယ်ရှိတဲ့ အဆိုပါထီဆုရှင်ရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ သူဟာ ဒေါ်လာ ၂ သန်းအပြည့်ရမယ့် annuity payment အစား ဒေါ်လာ ၁.၃ သန်းဝန်းကျင်ကို တစ်လုံး တစ်ခဲတည်း ရရှိမယ့် one-time lump sum payment ကို ဆုအဖြစ် ရွေးချယ်ရယူခဲ့ ပါတယ်။ သူ့အနေနဲ့ အဲဒီဆုငွေနဲ့ အိမ်အသစ်တစ်လုံးဝယ်ယူမှာဖြစ်ပြီး ကျန်တဲ့ငွေကိုတော့ စုဆောင်း ထားမယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*