ကမ္ဘာပျက်တော့မယ့်ပုံရိပ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံမှာ နာမည်ကြီးနေတဲ့ Twitter က ဗီဒီယိုတစ်ခု

ကမ္ဘာပျက်တော့မယ့်ပုံရိပ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံမှာ နာမည်ကြီးနေတဲ့ Twitter က ဗီဒီယိုတစ်ခု

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တုန်းက @PengendaliiApi ဆိုတဲ့ Twitter account ကနေပြီး ဗီဒီယိုတစ်ခုတင်လာခဲ့ပါတယ်။ ဒီဗီဒီယိုကိုကြည့်ပြီးတော့ အင်ဒိုနီးရှားအင်တာနက်ရပ်ဝန်းမှာတော့ တော်တော်လေးကို ဂယက်ထလာခဲ့ပါတယ်။ ကမ္ဘာပျက်တော့မယ့် နမိတ်တွေပေါ့လေ။

ဗီဒီယိုထဲ ပါတဲ့အကြောင်းအရာကတော့ ဒီလိုပါ။ အရာရှိအနည်းငယ်ရယ်၊ အရပ်သားအနည်းငယ်ရယ်ကို တွေ့ရပါတယ်။ နောက် လှည်းကြီးပေါ်မှာ တိရိစ္ဆာန်တစ်ကောင်လည်းရှိနေပါသေးတယ်။ ကြံ့လိုလို၊ ဆင်လိုလိုလို့ အစကထင်မိပေမယ့်လို့ အဲဒီ တိရိစ္ဆာန်ကြီးကို လှည်းပေါ်ကနေ ဆင်းခိုင်းလိုက်တဲ့အချိန်မှာ ထင်သလိုမဟုတ်ဘဲ တစ်ခြားတစ်ကောင်ဖြစ်နေခဲ့တာပါ။

ဒိုင်နိုဆော့ပါ။ မျိုးတုန်းသွားပြီဖြစ်တဲ့ ဒိုင်နိုဆောထဲက triceratops ဆိုတဲ့ အမျိုးအစားပါ။ ကြံ့ပုံသဏ္ဍာန်ရှိပြီးတော့ ဦးခေါင်းမှာ ပြန့်ကားနေတဲ့အရိုးသဏ္ဍာန်တစ်ခုပါပါတယ်။ နောက် နှာခေါင်းထိပ်မှာလည်း ဦးချိုတစ်ခုပါဝင်နေတဲ့ လေးဖက်ထောက်သွား ဒိုင်နိုဆောအမျိုးအစားတစ်ခုပါ။

ဒီဒိုင်နိုဆောကြီးကို ခုဏက လူတွေက ကြိုးတွေနဲ့ ဆွဲဆွဲပြီး တစ်နေရာကိုခေါ်နေတာတွေ့ရသလိုပဲ ဒိုင်နိုဆောကလည်း ရုန်းရင်းနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်နေကြတာပါ။

ဒီဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ တော်တော်လေး ပြန့်နှံ့သွားခဲ့ပြီး အခုဆိုရင် ကြည့်ရှုသူပေါင်း ၁ မီလီယံပြည့်သွားခဲ့ပါပြီ။ အောက်မှာ comment ပေးတဲ့လူတွေကတော့ ကမ္ဘာပျက်တော့မှာမလို့ ဒီလို ဘာမှန်းမသိတဲ့ ထူးထူးဆန်းဆန်းအကောင်ကြီးတွေတောင် ပေါ်လာပြီတို့၊ ကမ္ဘာကြီးပျက်တော့ပါမယ်တို့၊ ဘုရားရဲ့ နမိတ်တွေပဲတို့ စဖြင့် အမျိုးစုံအောင် ပြောနေခဲ့ကြတာပါ။

ဒါပေါ့ ဒါဟာ ကွန်ပြူတာ effect တွေနဲ့ ပြုလုပ်ထားတဲ့ ဗီဒီယိုတစ်ခုဆိုတာ ခေတ်လူငယ်တွေအနေနဲ့တော့ တန်းသိနိုင်ပေမယ့်လို့ တစ်ချို့သော လူတွေအတွက်ကျတော့ အစစ်နဲ့ တူလွန်းနေတဲ့အတွက်ကြောင့် တော်တေ်ာလေးကို လန့်ထိတ်နေခဲ့ကြတာပါ။ ဗီဒီယိုအအပြည့်အစုံလေးကို ခံစားကြည့်လိုက်ပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*