
ကိုဗစ် အဆုံးသတ်တိုက်ပွဲရဲ့ အောင်မြင်စွာ ဆုတ်ခွာခြင်း အဆင့်များ (နောက်ဆုံးအဆင့်တွေ မရောက်စေချင်ပါ)
ဒီအတိုင်းဆို ဆုတ်ခွာ guideline လေးစဉ်းစားကြည့်တာပါ.. သင်တို့ mask တပ်ရင်တပ် မတပ်လဲနေ.. စည်းကမ်းလိုက်နာနာ မနာနာ အခြေအနေ အချိန်အခါပေါ်မူတည်ပီး အကျွန်ုပ်တို့ တိုက်ပွဲက ဆုတ်ခွာဖို့ ပြင်ဆင်ထားရတော့မည်။
ဆုတ်ခွာအဆင့် (၁)
Contact တွေကို Facility Q မှာခွဲထားရာကနေ အိမ်မှာဘဲ strict Hime Q စေမယ်။ Home Q တွေကို rapid test kit နဲ့ တကြိမ်စစ်ပေးမယ်။ အဲဒီက positive ကို သီးခြားခွဲထုတ်ပီး ဆေးရုံပို့မယ်
ဆုတ်ခွာအဆင့် (၂)
Home Q ကစစ်ပီးထွက်လာတဲ့ အသက်ငယ်တဲ့ positive တွေကို အိမ်မှာဘဲ ဆက်ထားမယ်.. အသက် ၅၀ ကျော်နှင့် ရောဂါအခံရှိသူတွေကို ဆေးရုံပို့မယ်..
ဆုတ်ခွာအဆင့် (၃)
contact တွေကိုမစစ်တော့ပါ.. အားလုံးကို home Q ထားထား ဖျားချောင်ဆိုးလျှင် ရောဂါ ရှိ မရှိ စစ်ပေးမည်.. အသက် ၆၀ အောက် ရောဂါအခံမရှိဆိုလျှင် ဆေးပေးပီးအိမ်တွင် နေစေမည်.. အသက် ၆၀ ကျော် ဆေးရုံပို့မယ်..
ဆုတ်ခွာအဆင့် (၄)
ဖျားလျှင် အိမ်တွင်ဆက်နေ ဆေးသောက်ဖို့ ညွှန်ကြားပေးမည်.. မောလျှင် ဆေးရုံကိုအကြောင်းကြား အောက်စီဂျင်ဓာတ်တိုင်းကြည့်မယ်.. အောက်စီဂျင်ဓာတ်နည်းလျှင် ဆေးရုံကိုခေါ်ပါမည်.. ရောဂါစစ် ဆေးကုပေးမည်..
ဆုတ်ခွာ အဆင့် (၅)
ကောင်းနိုင်ခြေမရှိသူတွေကို ဆေးရုံမခေါ်တော့ပါ.. အသည်းအသန်လူနာထဲမှ ပြန်ကောင်းနိုင်ခြေရှိသူတွေသာ ဆေးရုံကိုခေါ်ဆေးကုပေးမယ်.. ကျန်သူတွေ အိမ်မှာ အောက်စီဂျင်ရှူပီးနေခိုင်းမည်..
ခုကျင့်သုံးနေတာ ဆုတ်ခွာအဆင့် (၁) ပါ။ သိပ်မကြာခင်မှာ ဆုတ်ခွာအဆင့် (၂) ရောက်တော့မှာပါ။ အဆင့် (၃) ထိ လည်း အခြေအနေအရ ရောက်သွားနိုင်တယ်။ အဆင့် (၄) နဲ့ (၅) က အကျွန်ုပ်တို့ မဖြစ်ချင်ပေမဲ့ အခြေအနေအရ ဝမ်းနည်းစွာ ကျင့်သုံးရမှာပါ..
အဲဒီအဆင့်မရောက်အောင် ကာကွယ်ဖို့ သင်တို့တာဝန်သာဖြစ်ပါကြောင်း အသက်ကို ဉာဏ်စောင့်ပါသည်.. လူတိုင်း Mask တပ် လူစုလူဝေးရှောင်ကြစို့ စည်းကမ်းလိုက်နာကြပါစို့..
Dr. Zawmin Thant
Leave a Reply