အဖေဖုန်းဆက်ရင် ကိုင်ပေးပါဆိုတဲ့ Taxiမောင်းနေရတဲ့ ဒိတ်ဒိတ်ကြဲ မင်းသား မြင့်မြတ်ရဲ့ ဖခင်

Taxi မောင်းတယ် ဆိုပေမယ့် ကိုယ့်သား ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ သပ်သပ်ရပ်ရပ် ဝတ်စားပြီး မောင်းပါတယ်။ သားကို များများတော့ မပြောချင်ပါဘူး.. အဖေ ဖုန်းဆက်ရင် သား ကိုင်စေချင်တယ်” လို့ ပြောလာတဲ့ သရုပ်ဆောင် မြင့်မြတ် ၏ ဖခင် ဦးမြင့်ကျော်လက်တလောခက်ခဲလို့ Taxi ပြန်မောင်းဖြစ်တဲ့အကြောင်းကိုခုလိုပဲ ပြောပြလာပါတယ်

“အဓိက ဦး စားဖို့အတွက်ပေါ့။နောက် လစဉ်ကြေးလေးတွေ သွင်းစရာရှိတော့ ပြန်မောင်းရတာပေါ့။ဦးအနေနဲ့ပြောရရင်တော့ သားသမီးထဲမှာ သူ့လောက်သိတတိတဲ့သူမရှိဘူး၊သွင်းရမယ့်ဝင်ငွေလေးတွေရှိတော့ စားဝတ်နေရေးအရ Taxi ပြန်မောင်းရတာပါ၊covid ကာလဆိုတော့ Taxi မမောင်းချင်ဘူး။စားဝတ်နေရေးဆိုတော့ လစဉ်ကုန်ကျမယ့် ငွေလေးတွေလဲရှိတော့မဖြစ်မနေမောင်းရတာပေါ့။ကျန်းမာရေး အနေနဲ့ ကတော့ အသက် ၅၆ ဆိုတော့ ဆီးချိုတော့ ရှိပါတယ်”လို့ ပြောကြားလာပါတယ်။

သူ့အနေနဲ့ ခုလို Taxi မောင်းရတဲ့အပေါ် ခံစားရတဲ့ ခံစားချက်ကိုလည်း ခုလိုပဲ ပြန်လည်ဖွင့်ဟလာပါတယ်။” စိတ်ခံစားချက်အနေနဲ့ကတော့ မရှိပါဘူး။မရှိဘူးဆိုပေမယ့် နံပါတ် ၁ ကတော့ ကျန်းမာရေးပေါ။နံပါတ် ၂ ကတော့ ကျနော့်မှာလဲ အမေရှိတယ်လေ။မိသားစုကိုတော့ ထောက်ပံ့ဖို့

ကလေးတွေ မုန့်ဖိုးပေးတာလောက်ပါပဲ။ကျန်တာတော့ ကျွန်တော် သုံးတာရယ် ကားပြင်တာရယ် မိဘကိုထောက်ပံ့တာပါပဲ။အမေက ၇၆လောက်ရှိသွားပြီဆိုတော့လေ။ အမှန်တိုင်းပြောရရင် ကိုယ်က Taxi မောင်းတယ်ဆိုပေမယ့် ကိုယ့်သားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာဆိုးလို့ သပ်သပ်ရပ်ရပ်ပဲ ဝတ်ပြီးမောင်းပါတယ်”လို့ ပြောကြားလာပါတယ်။

ကားမမောင်းခင်က ဘယ်လိုအသက်မွေးဝမ်းကျောင်းတွေ လုပ်ခဲ့တယ်ဆိုတာလဲ ခုလိုပြောကြားလာပါတယ်။ကားမမောင်ခင်ကတော့ သဘော်လိုက်တယ်။သဘော်လိုက်ရင်းအပြင်စီးပွားရေးလုပ်တယ် အောင်မြင်တော့ ထွက်လိုက်တယ်နောက် ကုန်ဆုံဆိုင်ဖွင့်တယ်။ ပြီးVideo ခွေ ဆိုင်ဖွင့်တယ်Video အခွေဌားတာ ၁၇နှစ်လောက်ကြာတယ်။အဲ့အချိန်သားက မင်းသားဖြစ်နေပြီ” လို့ ပြောလာပါတယ်

Taxi ကဌားမောင်းရတာဖြစ်တဲ့အတွက် တခါတလေ လဲ
အဆင်မပြေတဲ့ အကြောင်းကိုလဲ ခုလိုပြောလာခဲ့ပါတယ်။“ငွေကြေးလိုအပ်ချက်အရ Taxi ပြနိမောင်းတာပါ။၁၅ရက်လောက်တော့ ရှိပြီ ။အဌားမောင်းတာဆိုတော့ တရက် ၅၀၀၀ ရရင် အုံနာကြေး ၃၀၀၀ ပေးရတယ်။အုံနာကြေးပေးတာနဲ့ ကိုယ်စားဖို့လောက်တော့ရတယ်။ဒီကြားထဲ ကားပြင်ရရင်တော့ ကိုယ့်အတွက်အခက်ခဲ ဖြစ်တာပေါ့”

သူ့အနေနဲ့ အသက်အရွယ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ရတဲ့ အကြောင်းကိုလဲ ခုလို ပြောပြလာခဲ့ပါတယ်။“ရင်ထဲမှာရှိတာကို ဖွင့်ဟာတဲ့သဘောပါ။ဦးရင်ဆိုင်ဖြတ်သန်းနေရတာလေးကို သိစေချင်ယုံပါ။ဦးတို့က ချမ်းသာတဲ့ မိသားစုက မဟုတ်တော့ အခက်အခဲတော့ ထွေထွေထူးထူးမရှိပါဘူး။သူ့ထက်အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတာပေါ့။ဒါမယ့် အသက်အရွယ်က ရလာတော့ စိတ်သွားတိုင်း ကိုယ်မပါတာလေးတော့ရှိတာပေါ့”

သူ့အနေနဲ့စိတ်ကျရောဂါလဲရှိတာကြောင့်မို့ ညဘက်တွေဆို ဆေးသောက်မှ အိပ်ရတဲ့ အကြောင်းကိုလဲ ခုလိုပဲ ဝမ်းနည်းစွာပြောပြလာပါတယ်။“ဦးမှာက စိတ်ကျရောဂါရှိတယ်။ညပိုင်းဆို အိပ်မပျော်ဘူး။အိပ်မပျော်တဲ့အတွက် နေ့ခင်းပိုင်း ကားမောင်းဖို့က အခက်အခဲရှိတယ်။ဆေးကုနေတာပေါ့ ၂ နှစိကျော်ပြီ။ ဆေးမသောက်ပဲ အိပ်မပျော်ဘူး။ဦးကတော့ အရာရာကို အရှုံးပေးကြိုးစားနေတဲ့သူဆိုတော့ လမ်းပေါ်မှာလဲ အကုန်လုံး ငဲ့ညာပြီးပဲ မောင်းတယ်”

သူ့အနေနဲ့ သားလုပ်သူအပေါ် အပြစ်မတင်တဲ့ အကြောင်းကိုလည်း“သားလုပ်သူက မိဘအပေါ်သိတတ်ပါတယ်။အင်မတန်လိမ္မာတယ်။ဒါမယ့် ဦးရဲ့ အတိတ်ကံကြောင့်လား မပြောတတ်ဘူး။ဘယ်သူ့မှတော့ အပြစ်မတင်ပါဘူး။ဦးရဲ့အတိတ်ကံလို့ပဲ သက်မှတ်တာပဲ။”လို့ ပြောကြားလာပါတယ်။ရင်ဖွင့်စရာလူမရှိတဲ့အတွက် တစ်ယောက်တည်း ကျိတ်ခံစားရင်းစိတ်ကျရောဂါ ပိုဆိုးလာတဲ့အကြောင်းကို ခုလိုပြောကြားလာပါတယ်။

“အများဆုံးတော့ ၁သောင်းကျော်ပေါ့။ခန္ဓာကိုယ်ပင်ပန်းမှုကတော့ ဒါကတော့ ခန္ဓာရှိရင် ဝေဒနါရှိနေမှာပဲလေ။ဒီဝေဒနါကိုတော့ တရားနဲ့ဖြေလို့ရတာပေါ့လေ။စိတ်ထဲမှာဖြစ်လာတဲ့ ဝေဒနါကျတော့ဖြေဖို့တော်တော်ခက်တယ်။ဘယ်သူ့မှလဲ အပြစ်မပြောဘူး။အပြစ်လဲ မပြောရက်ပါဘူး။စိတ်ထဲမှာပဲ ကျိတ်ပြီးခံစားတယ်။ဘယ်သူ့ကိုမှလဲ တိုင်ပင်လို့ပြောလို့မရတော့စိတ်ဖိစီးမှုပိုဖြစ်တာပေါ့။တခါတလေကျ စိတ်ကျရောဂါပိုဆိုးတယ်။အဲ့လိုအချိန်ကျကားထွက်မောင်းရတာ အဆင်မပြေတာတွေရှိတာပေါ့။

ဆီးချိုဖြစ်တာ၇နှစ်ရှိပြီ။။Covidကာလမှာဖြတ်လိုက်သေးတယ်။အကုန်အကျသက်သာအောင် ဆီးချိူဆေးမသောက်ချင်ပေမယ့်ကျန်းမာရေးအခြေအနေကြောင့် သောက်နေရတဲ့အကြောင်းကိုလည်း ခုလိုပြောကြားလာပါတယ်။ဖြစ်နိုင်ရင်မသောက်ပဲ နေချင်တယ် ။အကုန်အကျ သက်သာအောင်ဆိုပီး။ဒါမယ့်မရဘူး မနက်တကြိမ် ညတကြိမ် ပြန်သောက်နေရတယ်”လို့ ပြောလာပါတယ်

မိဘတစ်ယောက်အနေနဲ့ ငွေကြေးမပံ့ပိုးနိုင်ပေမယ့် အနှောက်အယှက်မဖြစ်အောင်နေနေပါတယ်ဆိတြဲ့ အကြောင်းကိုလည်းခုလိုပြောကြားလာပါတယ်။“ဦးလက်ရှိပံပိုးပေးနိုင်တာကတော့ ဦးကြောင့် သူတို့စိတ်အနှောက်အယှက်မဖြစ်စေဘူးဆိုတဲ့ တစ်ခုပါပဲ။ ငွေကြေးသော်လည်းကောင်း သူတို့ အဝိုင်းနဲ့ကျ စိမ်းတယ်လေ။ဦးအနေနဲ့ တတ်နိုင်တာက ဦးကြောင့် စိတ်အနှောက်အယှက် ဖြစ်မယ့် အလုပ်တွေရှောင်ခြင်းအားဖြင့် ကူညီပေးပါတယ်”

သရုပ်ဆောင်မြင့်မြတ်အနေနဲ့ မိသားစုအပေါ်ကြည့်ပေမယ့်မိသားစုနဲ့ ခပ်ခွာခွာနေတတ်တဲ့အကြောင်းကိုလည်း ခုလိုပြောပြလာပါတယ်။“သားက ဦးတို့အပေါ်အရမ်းလေးစားတယ်။မိဘတွေရှေ့ဆေးလိပ်မသောက်ဘူး။သူ့စိတ်ထဲ ဦးတို့နဲ့နေရင် ကျဉ်းကြပ်မှုရှိတယ်။နောက်ပိုင်းကျ ခပ်ခွာခွာနေတယ်။နောက်ဆုံး ပြောရရင် ph ဆက်ရင်တောင်မကိုင်ချင်ဘူး။မိသားစုကိုလဲ ကြည့်တယ်။

စေ့စေ့စီစီစားမယ်ဆို စုလို့ရလောက်တဲ့ထိကြည့်တယ်။ဒီကိစ္စက သားကိုအနှောက်အယှက်ဖြစ်မှာတစ်ခုရယ်။ဦးဘဝအကြောင်းပြောပြချင်ရုံသက်သက်ပါ။များများတော့ မပြောချင်ပါဘူး ဦး ဖုန်းဆက်ရင် ကိုင်ပေးပါလို့” ဆိုပြီးပြောလာပါတယ်။

“အခုလောလောဆယ် စားဖို့ အတွက် နဲ့ လစဉ်သွင်းရမယ့် ငွေလေးတွေ ရှိနေတာကြောင့် လိုအပ်ချက် အရ မဖြစ်မနေ Taxi ကား မောင်းဖြစ်နေတာပါ။ ကိုယ့်ဘ၀ ကို ရုန်းကန်နေတာပါ။ သား လုပ်တဲ့ သူက မိသားစု အပေါ်မှာ သိတတ်ပါတယ်။ အင်မတန်လည်း တော်တယ်။ Taxi မောင်းတယ် ဆိုပေမယ့် ကိုယ့်သား ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ သပ်သပ်ရပ်ရပ် ဝတ်စားပြီး မောင်းပါတယ်။

ဦးကြောင့် သား စိတ်အနှောက်အယှက် ဖြစ်စေမယ့် အလုပ်မျိုးတွေကို ရှောင်တယ်။ သားကို များများတော့ မပြောချင်ပါဘူး.. အဖေ ဖုန်းဆက်ရင် သား ကိုင်စေချင်တယ်” လို့ ပြောလာတဲ့ သရုပ်ဆောင် မြင့်မြတ် ၏ ဖခင် ဦးမြင့်ကျော်

ပရိသတ်ကြီးရေ…….သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး…..။

မြင့်မြတ်ဟာ အခုလက်ရှိမှာဆိုရင်လည်း ချစ်စရာကောင်းတဲ့သားငယ်လေးမြတ်သူကိုလည်း ရရှိပိုင်ဆိုင်နေပြီဖြစ်ပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပါတယ်နော်။ မြင့်မြတ်ရဲ့ဇနီးချောလေးဟာလည်း အခုဆိုရင်ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရတာလည်း ဖြစ်ပြီးသမီးလေးဖြစ်တယ်လို့လည်း သိရပါတယ်….။

Be the first to comment

Leave a Reply

Your email address will not be published.


*