ချစ်သူက ဝလွန်း လို့ဆိုပြီး မနာလို သူတွေရဲ့ တိုက်ခိုက်မုန်းတီးခြင်း ကိုခံနေရတဲ့ စုံတွဲ

Social Media ဟာတစ်ချို့သောသူတွေ အတွက် တစ်ခါတစ်ရံမှာ ဆိုးဝါးစွာပြစ်တင်ဝေဖန်ခံနေရတဲ့ နေရာတစ်ခုလို့ပြောရလောက်အောင်ပါပဲ ။ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Linh Nguyen နှင့် Hai Nguyen အမည်ရှိတဲ့ စုံတွဲဟာ ချစ်သူကောင်လေးရဲ့ဆွဲဆောင်မှုမရှိတဲ့ ရုပ်ခန္ဓာကိုယ်ကြောင့် online ပေါ်မှာ အတော်လေး ကိုဝေဖန်မှုခံနေရလျက်ရှိပါတယ် ။

Linh အမည်ရှိ တဲ့ မိန်းကလေးကတော့ သူမချစ်သူ Hai နဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ ကိုအမြဲဝေမျှလေ့ရှိပြီး အဆိုပါဓာတ်ပုံတွေဟာရေပန်းစားကာ အတော်လေးလူပြောများတဲ့အဖြစ်သို့ အမြဲရောက်ရှိနေလျက်ရှိပါတယ် ။

Linh ဟာ online ပေါ်မှာအတော်လေးကို ပေါ်ပြူ လာဖြစ်ပြီး သူမတွင် follower ပေါင်း 39,000 အထိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမကတော့ ရုပ်ရည်ချောမောလှပမှုအတွက် ချီးကျူ းအားပေးစကားတွေ အမြဲလက်ခံရရှိပေမဲ့လည်း ဝလွန်းတဲ့ချစ်သူဟာ သူမနဲ့မလိုက်ဖက်ကြောင်း ၊ ဝလွန်းတဲ့ ချစ်သူနဲ့ လုံးဝမ ထိုက်တန်ကြောင်း နှင့် သူမတို့ရဲ့ပုံစံကို ” Beauty and the Beast ” ဆိုပြီး မျိုးစုံနောက်ပြောင်ရေးသားဝေဖန်ခြင်းကို ခံခဲ့ကြရပါတယ် ။

သို့ပေမဲ့ လည်း သူမ တို့ချစ်သူစုံတွဲရဲ့ relationship သက်တမ်းဟာ 2နှစ်ခန့်ရှိနေပြီဖြစ်ပြီး ၊ သူမ တို့ရဲ့ Romantic ဆန်လွန်းတဲ့ဓာတ်ပုံတွေနဲ့ ဝေဖန်မုန်းတီးသူတွေ ကို အမြဲပြန်တုန့်ပြန်ခဲ့ပါတယ် ။ အချို့သောသူ များကတော့ ချစ်သူ Hai ဟာ ငွေရေးကြေးရေးချမ်းသာသူဖြစ်သောကြောင့် Relationship ခိုင်မာနေ တာဖြစ်ကြောင်း ထပ်မံဝေဖန် ခဲ့ကြပါတယ် ။ သို့ပေမဲ့ လည်း Linh ဟာ ” အချစ်မှာ ဝတာ ၊ ရုပ်ပိုင်းဆိုင်ရာတွေ ဆိုတာက အရေး မကြီးပါဘူး ၊ အရေးကြီးဆုံးက အပြန်အလှန်ပြော ဆိုဆက်ဆံပုံတွေနဲ့ နှလုံးသား ထပ်တူကျဖို့ပါပဲ ” ဆိုပြီး ဝေဖန်သူတွေကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*