အမြင်အာရုံဆုံးရှုံးတော့မယ့် 6နှစ်အရွယ်သမီးလေးအတွက် စွန့်စားခန်းဖွင့်ခဲ့တဲ့ မိခင်

 

Catrina Frost အမည်ရှိတဲ့မိခင်တစ်ယောက်အတွက်ကတော့ ရင်ကွဲဖွယ်ရာအဖြစ်အပျက်တစ်ခုပါပဲ ။

ဘာလို့လည်းဆိုတော့ သူမရဲ့ 6နှစ်အရွယ် သမီးလေး Cailee Herrell ဟာ Familial Exudative Vitreoretinopathy (FEVR) ဆိုတဲ့ရောဂါလက္ခဏာကိုခံစားနေရပြီးနောက် မကြာခင်အချိန်မှာသူမရဲ့အမြင်အာရုံတွေကို ဆုံးရှုံးရတော့မှာ မို့လို့ပါ ။ သမီးလေးက 3နှစ်အရွယ်ကတည်းက 5ကြိမ်ခန့် လေဆာဖြင့်မျက်လုံးကုသမှုများပြုလုပ်ခဲ့ရပြီး ၊ မကြာခင်မှာတော့ အမြင်အာရုံအားလုံးဆုံးရှုံးရတော့မည်ဖြစ်ကြောင်း ဆရာဝန်က အသိပေးခဲ့ပါတယ် ။

ထို့ကြောင့် မိခင်ဖြစ်သူက အမြင်အာရုံဆုံးရှုံးတော့မဲ့ သမီးလေးအတွက် စွန့်စားခန်းဖွင့်ခဲ့ပါတယ် ။ ပထမဆုံး Cartrina က အမြင်အာရုံဆုံးရှုံးသွားတဲ့ သူမရဲ့သူငယ်ချင်းတစ်ယောက်ဆီ အတွေ့အကြုံမေးမြန်ခဲ့ချိန်မှာတော့ ၊ သူမရဲ့သူငယ်ချင်းက ဘားမှမမြန်ရဘဲ ၊ အမဲရောင်သက်သက်ကိုသာမြင်နေရကြောင်း ၊ သို့ပေမဲ့လည်း အရင်ချိန်ကမှတ်ဉာဏ်တွေကြောင့် အဝါရောင်အင်္ကျီလို့ပြောလိုက်တာနဲ့ အတွေးထဲမှာချက်ချင်းမြင်ယောင်လို့ ယခုလိုလူအများနဲ့ပြောဆိုဆက်ဆံနိုင်တာဖြစ်ကြောင်း Cartrina ကိုရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် Cartrina က သမီးလေးကို San Diego မှာရှိတဲ့ သမုဒ္ဒရာဆီသို့အလည်ခေါ်သွားပြီးနောက် ၊ Disneyland သို့အလည်ခေါ်သွားခဲ့ကာ Disney မင်းသမီးအယောက်တိုင်းနဲ့ မျက်မြင်တွေ့ရှိအောင်အလည်ခေါ်ခဲ့ပါတယ် ။ ဒါတင်မကဘူး သမီးလေးအမြင်အာရုံမဆုံးရှုံးခင် အပြင်သို့အမြဲအလည်ခေါ်ထွက်ပြီး ၊ အတူတောင်တက်ခြင်း ၊ မြင်းစီးခြင်း နှင့် ကျောက်ဆောင်တွေပေါ်တက်ခြင်းတို့ကို သမီးလေးမှတ်ဉာဏ်ထဲမှာစွဲကျန်ရစ်နေအောင် ကြိုးစားပေးခဲ့ပါတယ် ။

‘ ဒီအကြောင်းတွေးလိုက်တိုင်း ကျွန်မအမြဲမျက်ရည်ကျရပါတယ် ၊ ဘယ်မိဘကမှ ကိုယ့်ရဲ့ကလေးကို ဒီလိုအမြင်အာရုံ ဆုံးရှုံးစေချင်မှာမဟုတ်ပါဘူး ‘ ဆိုပြီး Catrina ကပြောပြခဲ့ပါတယ် ။ ထို့အပြင် သူမက သမီးလေးကို ပင်လယ်အနားသို့အမြဲခေါ်သွားပြီး ၊ သမီးလေးနဲ့အပြင်ကမ္ဘာဆီသို့ အတူအလည်ခေါ်ထွက်နေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*