အလုပ်ပြုတ်လို့ ဘော့စ်ရဲ့ညစ်ညမ်းပုံတွေကို အွန်လိုင်းပေါ်တင်ကာ ကလဲ့စားချေခဲ့သူ

Affinity Trust အမည်ရ မသန်စွမ်းသူများ ကယ်ဆယ်ထောက်ပံ့ရေး လူမှုရေးလုပ်ငန်းမှာ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့တဲ့ Kaylea Reid အမည်ရ အသက် 26 နှစ်အရွယ် အမျိုးသမီးဟာ အလုပ်ကို ဆုံးရှုံးခဲ့လို့ မကျေနပ်တဲ့အနေနဲ့ သူမနဲ့ရင်းနီးကျွမ်းဝင်စဉ်က ရိုက်ကူးခဲ့တဲ့ ဘော့စ်ရဲ့ ဝတ်လစ်စားလစ်ပုံတွေကို ဘော့စ်ဇနီးကိုင်တွယ်နေတဲ့ Broadwater Tool Supplies အမည်ရ Facebook Page ပေါ်ကို တင်ခဲ့ပါတယ်။


Reid ဟာ အင်္ဂလန်နိုင်ငံ Ipswich မြို့မှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ လုပ်ရပ်အတွက် အခုအခါမှာတော့ ဖမ်းဆီး ထိမ်းသိမ်းခံနေရပါတယ်။ သူမဟာ အလုပ်ရှင်ဟောင်း Robert Page ရဲ့ ဇနီးကိုယ်တိုင် ကိုင်တွယ်နေတဲ့ Page ထဲမှာ ညစ်ညမ်းပုံ နှစ်ပုံပို့ခဲ့လို့ အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ကျခံရဖို့ ရှိနေပါတယ်။


Reid ဟာ သူမရဲ့ချစ်သူနဲ့ လမ်းခွဲပြီးနောက် Affinity Trust မှာ ထောက်ပံ့ရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ အလုပ်ရှင် Robert Page နဲ့ ပုဂ္ဂိုလ်ရေး ငြိစွန်းခဲ့ပြီး၊ ဖုန်းထဲကနေ အပြန်အလှန် ဝတ်လစ်စားလစ်ပုံတွေ ပို့ပေးကာ ကြည်နူးခဲ့ကြပါတယ်။ဒါပေမယ့် အလုပ်ပြုတ်တဲ့အခါမှာ ဒီအချက်ဟာ သူမအတွက် Robert ကို လက်စားချေဖို့ အကောင်းဆုံးအချက်လို့ ယူဆခဲ့ပုံရပြီး ဥပဒေပ အပြုအမူကို ပြုမူခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံတွေကို ကွန်ယက်ပေါ်တင်တဲ့အခါမှာလည်း သူမနဲ့ နီးစပ်သူတွေကိုပါ Tag တွဲထားပြီး Page Follower 4000 ခန့်က သတိထားမိသွားတယ်လို့ သိရပါတယ်။တရားခံရဲ့ရှေ့နေ Paul Booty ကတော့ လူမှုရေးငြိစွန်းမှုကို ဇာတ်လမ်းစသူမှာ Robert ဖြစ်ပြီး၊ သူမရဲ့ ဖုန်းနံပတ်ကို
တောင်းကာ သူကိုယ်တိုင်က စတင်မြူဆွယ်တဲ့ မက်ဆေ့တွေ ပေးဖို့ခဲ့တာလို့ စွပ်စွဲထားပါတယ်။ Robert က Reid ကို မယားအဖြစ် အလိုရှိကြောင်းကိုတောင် ပြောခဲ့သေးတယ်လို့ သက်သေထွက်ခဲ့ပါတယ်။


ဒီလို ပြုလုပ်ခဲ့ခြင်းအတွက် Reid မှာ အပြစ်မရှိဘဲ သူမအပေါ် လူသားချင်းမစားနဲ့ခဲ့သူတစ်ယောက်ကို တုန့်ပြန်ဖို့အတွက် အလွန် လူသားဆန်တဲ့ အပြုအမူဖြစ်တယ်လို့ တရားခံကို ကာကွယ်လျှောက်လဲခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်မှာ ပြီးခဲ့တဲ့ နှစ်ကအင်တာနက်ညစ်ညမ်းမီဒီယာပုဒ်မကို ပြဌာန်းလိုက်ကတည်းက လူ 200 ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်

လက်ရှိဖြစ်စဉ်မှာတော့ Reid ဘက်ကနေ သက်သေထွက်ဆိုပေးသူတွေလည်း ရှိနေပြီး၊ အခြားတစ်ဘက်ကလည်း
လက်ရှိလည်ပတ်နေတဲ့ သြဇာတိက္ကမကြီးမားလှတဲ့ လူမှုရေးလုပ်ငန်းကြီး အရှိန်အဝါ ကျသွားမှာစိုးလို့ အပြင်းအထန် ကာကွယ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*