မြန်မာမိန်းကလေးတွေ သတိထားရမယ့် ကိုဗစ်ကူးစက်မှု နည်းလမ်း တခု (ဒီလိုနည်းလမ်းနဲ့ အများဆုံး ကူးနိုင်ပါတယ်)

မြန်မာမိန်းကလေးတွေ သတိထားရမယ့် ကိုဗစ်ကူးစက်မှု နည်းလမ်း တခု (ဒီလိုနည်းလမ်းနဲ့ အများဆုံး ကူးနိုင်ပါတယ်)

ကလေးတွေဟာ ကိုဗစ်ပိုးဖြန့်သူ ဖြစ်တတ်တယ်။ အကြောင်းရင်းက အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းလို့ပါ။ နို့လွတ်ပြီ၊ တောက်တောက်တောက်တောက်နဲ့ လမ်းလျှောက်တတ်ပြီဆိုတာနဲ့ မိခင်ဖြစ်သူအတွက် ကလေးထိန်းရတဲ့ ဝန်ပေါ့တယ်။ အိမ်မှုကိစ္စ ဗာဟီရအတွက် အချိန်ပိုပေးနိုင်တယ်။

ကလေးက လူတကာလက်ပေါ် ရောက်တယ်။ ချီတယ်။ ချော့မြူတယ်။ အာဘွားပေးတယ်။ မုံ့ကျွေးတယ်။ အိမ်ခေါ်ပြီး အခမဲ့ ထိန်းပေးတယ်။ တဖြည်းဖြည်း ကလေးကိုယ်တိုင်က အိမ်လည်တတ်လာတယ်။ မပီကလာ ပီကလာတွေ ပြောပြီ။ ပိုပြီး ချစ်စရာကောင်းလာတယ်။ နောက် ဆော့ပြီ၊ ခြေထောက် ဗွေပေါက်လာပြီ။ မြို့ပြမှာ အိမ်နီးချင်းနဲ့ ဆွေမျိုးသားချင်းအိမ်တွေလောက် ရောက်တယ်။ တောမှာ တစ်ရွာလုံး ပတ်တယ်။ “ဟဲ့၊ ငါ့ကလေး ဘယ်နားရောက်နေလဲ”၊ မိခင်ဖြစ်သူက နောက်က လိုက်ရှာရတဲ့အပေါက်မျိုးပါ။

ချစ်စရာ သိပ်ကောင်းတဲ့ ကလေးမျိုးဆို မိခင်စိတ်ရွဝေဒနာ ခံစားနေရနေတဲ့ အပျိုမလေးတွေရဲ့ အသည်းကျော်။ အပျိုအုပ်မှာ တစ်လက်ပြီးတစ်လက် ကူးတယ်။ ရွာရိုးကိုးပေါက် ရောက်တယ်။ အီစတိုဂျင်နဲ့ နုညံ့အောင် လုပ်ထားတဲ့ လက်တွေဟာ ကလေးအတွက် ဆိုဖာ။ လက်သာတယ်ဆိုတာ အဲဒါကို ပြောတာပေါ့။ သူကြိုက်တဲ့ ကာလသားတစ်ယောက်ယောက် အနားက ဖြတ်လျှောက်သွားရင် မိန်းမပျိုက ကလေးကို မြူတယ်။ တရွှတ်ရွှတ်နဲ့ နမ်းတယ်။ မာယာပေါ့။ ကလေးခမျာ အချောင်အနမ်းခံရတယ်။ အဲဒါမျိုး ကိုဗစ်က သိပ်ကြိုက်ပေါ့။

ကလေးတွေမှာ ကိုဗစ်ဝင်ဖို့ တံခါးပေါက် အလုံအလောက် မဖောက်ရသေးဘူး။ ဖြစ်ရင် စတိလောက်ပဲ ဖြစ်တတ်တယ်။ အပြစ်ကင်းတဲ့ တိတ်တခိုး ပိုးသယ်သူ ဖြစ်တတ်တယ်။ စစ်လိုက်မှ +ve ဖြစ်ကြောင်း သိရတယ်။ အဓိက ဖြန့်ဝေသူ မဖြစ်နိုင်။ ဖြန့်ဝေသူ လောက်တော့ ဖြစ်နိုင်တယ်။

ကူးစက်ပြန့်ပွားခြင်းမှာ အတိုင်းအတာ ဘယ်လောက်ထည့်ဝင်၊ study လုပ်ပြီးပြီလား၊ မလုပ်ရသေးဖူးလား၊ မသိ၊ မဖတ်ဖူးသေး။ ဖျားတဲ့ +ve ကလေးတွေ ဆေးရုံတင်တယ်။ လသားကလေး အဖိတ်အစင်ဖြစ်တော့ အလန့်တကြား ဖြစ်ကြရတယ်။

(မိခင်၊ အဒေါ်၊ အဖွား သုံးဦးသုံးဖလှယ်ကြား)၊ (မိခင်နဲ့ အဒေါ်ကြား)၊ (မိခင်နဲ့ အဖွားကြား)၊ ကလေးက ကိုဗစ်ပေါင်းကူးတံတား ထိုးပေးတာ တွေ့ဖူးတယ်။ ကိုဗစ်မှာ တွေ့ရတတ်တဲ့ မာယာ၊ သာဌေယျ၊ ဝဉ္စနာ၊ အထူးသဖြင့် အပျိုကြီးတွေအတွက် ထူးခြားတဲ့ ကိုဗစ် mode of transmission ၊ သတိပြုမိစေချင်လို့ပါ။

U Thit Sinn

Be the first to comment

Leave a Reply

Your email address will not be published.


*