ပျောက်ဆုံးသွားတဲ့ခွေးလေးက အိမ်ပြန်ရောက်လာခဲ့လို့ ပါတီပွဲကျင်းပပေးခဲ့တဲ့ အမျိုးသား

ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဟာ Look Moo အမည်ရှိတဲ့ သူ့ရဲ့ခွေးလေးပျောက်ဆုံးပြီး 5ရက်အကြာမှ အိမ်ပြန်ရောက်လာခဲ့လို့ ခွေးလေးအိမ်ပြန်လာတဲ့အထိမ်းအမှတ်အနေနဲ့ ဘူဖေးပုံစံ dinner party ကျင်းပပေးခဲ့ပါတယ် ။ ခွေးလေးရဲ့သခင်ဖြစ်သူ Boonsong Meethao အမည်ရှိတဲ့အမျိုးသားရဲ့ပြောပြချက်အရ New Year ညကမီးရှူ းမီးပန်းအသံတွေကြောင့်

ခွေးမလေးဟာကြောက်လန့်ပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ခွေးမလေးရဲ့ပိုင်ရှင်က ” သူ 5ရက်ထပ်ပိုကြာပြီး ပြန်မလာရင်တော့ ၊ သူမစားမသောက်ရလို့ သေသွားနိုင်တယ် ၊ အဲ့ကြောင့် သူ5ရက်နေပြီးအိမ်ပြန်ရောက်လာခဲ့ရင် သူ့ကိုဘူဖေးအဝကျွေးမယ်လို့ ဆုံးဖြတ်ထားတယ် ” ဆိုပြီး Boonsong က မီဒီယာကိုပြောပြသွားခဲ့ပါတယ် ။

ထို့ကြောင့် Boonsong ဟာ ခွေးမလေးရဲ့ဓာတ်ပုံဆိုင်းဘုတ်လေးနဲ့ ဘူးဖေးပါတီလေးလုပ်ပေးခဲ့ပါတယ် ။ Look Moo ရဲ့မိခင်ကို အရင်မွေးစားခဲ့တာဖြစ်ပြီး ၊ နောက်ပိုင်းမှ Look Moo လေးမွေးဖွားလာခဲ့တာဖြစ်ကြောင်း ယခုဆိုရင် Look Moo ဟာ အသက် 2နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

ထို့အပြင် Look Moo ဟာ ဝက်သားကင်ကို အတော်လေးကြိုက်နှစ်သက်တဲ့အပြင် အိမ်နီးချင်းတွေကလည်း ဝိုင်းချစ်ကြတဲ့ခွေးမလေးပါ ။ နေ့ခင်းမှာတော့ ခွေးမလေးဟာ အတော်လေးကိုရင်းနှီဖော်ရွေတတ်ပြီး ၊ ညဖက်မှာတော့ သတိဝီရိယနဲ့အမြဲအိမ်ကိုစောင့်ရှောက်ပေးနေတဲ့ ခွေးမလေးဖြစ်ကြောင်း ပိုင်ရှင်ကပြောပြခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*