ရေနစ်နေတဲ့ကလေးငယ်ကို ကယ်တင်ဖို့ အေးခဲနေတဲ့မြစ်ချောင်းထဲ ခုန်ဆင်းသွားတဲ့ အသက် 90အရွယ်အဘိုးအို (ရုပ်သံ)

တရုတ်နိုင်ငံ ၊ Sichuan ပြည်နယ်ရှိ ရွာလေးတစ်ရွာမှာနေထိုင်တဲ့ အသက် 90 အရွယ်အဘိုးအိုဟာ ရေနစ်နေတဲ့ 1နှစ်ခွဲအရွယ်ကလေးငယ်ကို ကယ်တင်ဖို့ အေးခဲနေတဲ့မြစ်ချောင်းထဲခုန်ဆင်းသွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ ကလေးငယ်ဟာစက်ဘီးစီးနေရင် ချော်ထွက်သွားပြီးနောက် စက်ဘီးကောလူပါ မြစ်ချောင်းအတွင်းသို့ထိုးကျသွားခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Yue အမည်ရှိတဲ့ကလေးငယ်၏အဘွားဖြစ်သူက အံ့သြထိတ်လန့်သွားပြီး ချက်ချင်းဘေးပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခံခဲ့ပါတယ် ။ အကူအညီတောင်းခံသံကိုကြားတော့ အဘိုးအို He Youyi ဟာအခင်းဖြစ်ရာနေရာသို့ချက်ချင်းရောက်ရှိလာပြီး မြစ်ချောင်းထဲသို့ခုန်ဆင်းကာ ကလေးငယ်ကိုဆွဲခေါ်ပြီးနောက် သူ၏ပုခုံးပေါ်သို့တင်ပြီး သယ်ဆောင်လာရာ ၊ မိနစ်အနည်းငယ်အကြာမှ ရွာသားအချို့ရောက်ရှိလာပြီး အဘိုးအိုကို ကမ်းပေါ်သို့ဆွဲတင်ပေးခဲ့ကြပါတော့တယ် ။

အဘိုးအိုကတော့ ‘ ငါလုပ်ပေးနိုင်တာကို လုပ်ခဲ့တာပါ ၊ ငါသေသွားရင်တော့ကိစ္စမရှိဘူး ဒါပေမဲ့ ကလေးငယ်လေးက အဲ့လိုအဖြစ်မျိုးနဲ့တော့ မကြုံသင့်ဘူး ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ အလုပ်လုပ်ကိုင်နေကြတဲ့ အဘိုးအိုရဲ့သမီး နှင့် မြေးဖြစ်သူတို့က အဆိုပါသတင်းကိုကြားကြားချင်းမှာပဲ ရွာဆီသို့အပြေးပြန်လာခဲ့ပါတော့တယ် ။

 

ရွာသားတွေကတော့ ရွှံ့ထူလွန်းတဲ့မြစ်ချောင်းထဲသို့ ခုန်ချပြီး ကလေးငယ်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အဘိုးအိုရဲ့လုပ်ရပ်ကို အတော်လေး လေးစားခဲ့ကြပြီး အဘိုးအိုကို သူရဲကောင်းဆိုပြီးသတ်မှတ်ခေါ်ဆိုခဲ့ပါတယ် ။ အသက်အရွယ်အရ လမ်းလျှောက်ဖို့တောင်ခက်ခဲနေတဲ့အဘိုးအိုက ကလေးငယ်အတွက် ဘားမှမတွေးတောဘဲ ချင်ချင်းလက်ငင်းကယ်တင်ပေးခဲ့တဲ့လုပ်ရပ်ဟာ အတော်လေးကို လေးစားဖွယ်ကောင်းလွန်းလှပါတယ် ။

 

source: MckzonDaily

Be the first to comment

Leave a Reply

Your email address will not be published.


*