
စျေးဝယ်လာသူ အမျိုးသမီးတစ်ယောက် ကောင်တာမှာငွေရှင်းဖို့ ပိုက်ဆံအိတ်ဖွင့်လိုက်တော့ အိတ်ထဲက တီဗီရီမုဒ်ကို ငွေကိုင်စာရေးကလှမ်းမြင်လိုက်တယ်။ဒါကြောင့် သိချင်စိတ်ကိုမအောင့်နိုင်တာနဲ့ မေးလိုက်တယ်။
“ခင်ဗျား တီဗီရီမုဒ်ကိုအမြဲဒီလို ယူလာတတ်သလား”
“အမြဲတော့ မဟုတ်ပါဘူး။ဒီနေ့ ကျမယောင်္ကျားက ဘောလုံးပွဲကြည့်မှာမို့ စျေးဝယ်လိုက်မပေးနိုင်ဘူးလို့ ငြင်းတယ်လေ။ဒါကြောင့် စိတ်တိုပြီးယူလာတာ”
#သင်ခန်းစာ_တစ် မိန်းမရဲ့ဝါသနာကို လိုက်လျောပြီး အဖေါ်လိုက်ပေးပါ။
ငွေကိုင်က ရယ်လိုက်ပြီး အမျိုးသမီးဝယ်မယ့်ပစ္စည်းတွေကို နောက်ပြန်တွန်းဖယ်လိုက်တယ်။ အမျိုးသမီးက အံ့သြသွားပြီး “ဘာလုပ်တာလဲ” လို့မေးလိုက်တော့
“ခင်ဗျားယောင်္ကျားက အခုပဲခင်ဗျားရဲ့ ခရက်ဒစ်ကဒ်ကို ပိတ်လိုက်ပြီဗျ”တဲ့
#သင်ခန်းစာ_နှစ် ကိုယ့်ယောင်္ကျားရဲ့ ဝါသနာကို လေးစားပါ။
ပုံပြင်က မပြီးသေးဘူး။
အမျိုးသမီးက ပြုံးပြီး ပိုက်ဆံအိတ်ထဲက ယောင်္ကျားရဲ့ကဒ်ကိုထုတ်လိုက်တယ်။ စက်မှာဖြတ်လိုက်တော့ (ကံဆိုးစွာပဲယောင်္ကျားလုပ်သူက သူ့ကဒ်သူ ပြန်မပိတ်မိတဲ့အတွက်) အသာတကြည်ဖြတ်လို့ရသွားတယ်။
#သင်ခန်းစာ_သုံး မိန်းမတွေရဲ့ ဖြတ်ထိုးဉာဏ်နဲ့ စွမ်းပကားကို လျှော့မတွက်ပါနဲ့။
ကဒ်ဖြတ်ပြီးတော့ စက်မှာ စာပေါ်လာတယ်။ (သင့်ဖုန်းသို့ပေးပို့လိုက်သော ပင်နံပါတ်ထည့်ပါ) တဲ့။ အဲ့ဒါမှ ဂွပဲ။
#သင်ခန်းစာ_လေး လူတစ်ယောက် ဆုံးရှုံးခါနီးရင် နည်းပညာတွေက ဝင်ကယ်ပေးတတ်တယ်။
ပုံပြင်က မဆုံးသေးဘူး။
အမျိုးသမီး မခိုးမခန့်ပြုံးလိုက်ပြီး အိတ်ထဲက မက်ဆေ့ခ်ျသံမြည်နေတဲ့ဖုန်းကို ထုတ်လိုက်တယ်။ ယောင်္ကျားရဲ့ဖုန်းပါ။ စကရင်းမှာမက်ဆေ့ပို့ထားတဲ့ ပင်နံပါတ်လေးတောင်ပေါ်နေသေးတယ်။စျေးဝယ်နေတုန်း ဒင်းလှမ်းမဆက်နိုင်အောင် ရီမုဒ်နဲ့အတူတူ ယူလာတာလေ။ဘာမှတ်သလဲ။ဒီလိုနဲ့ အမျိုးသမီးဟာငွေရှင်းပြီး ပစ္စည်းတွေယူကာ ပျော်ရွှင်စွာနဲ့ပဲအိမ်ပြန်သွားပါတယ်။
#သင်ခန်းစာ_ငါး မိန်းမတစ်ယောက် ခေါင်းမာပြီး ထင်ရာစိုင်းပြီဆိုမလွယ်ဘူးမှတ်ပါ။
ပုံပြင်က မဆုံးသေးဘူးခင်ဗျ။
အိမ်ပြန်ရောက်တော့ ယောင်္ကျားရဲ့ကားမရှိတော့ဘူး။ အိမ်တံခါးမှာ စာကပ်ထားလေရဲ့။ “ရီမုဒ်ရှာမတွေ့ဘူး။ဒါကြောင့် သူငယ်ချင်းတွေနဲ့ဘောပွဲကြည့်ဖို့ ထွက်သွားတယ်။ အိမ်ပြန်နောက်ကျမယ်။ လိုတာရှိရင် ငါ့ဖုန်းကိုဆက်လိုက်” (ယောင်္ကျား) တဲ့။ အဲ့ဒါမှ သေရော။ အိမ်သော့က ယောင်္ကျားနဲ့အတူပါသွားတယ်လေ။ လှမ်းဆက်စရာ ဖုန်းကလည်း သူမ အိတ်ထဲမှာ။ စွကျိုးနဲ။
ပုံပြင်တကယ်ပြီးပါပြီ။
#အဓိကသင်ခန်းစာ
ယောင်္ကျားကိုချုပ်ကိုင်ဖို့ ဘယ်တော့မှမကြိုးစားပါနဲ့။ နောက်ဆုံးကျ ကိုယ်ပဲနစ်နာတတ်ပါတယ်။ အယ့်လယ်
(#အပြည်ပြည်ဆိုင်ရာအမျိုးသားများနေ့ကို_ဒီပုံပြင်လေးနဲ့_ဂုဏ်ပြုပါတယ်)
Crd.မူရင်း
Leave a Reply