နှုတ်ခမ်းထူထူ ၊ သွားတွေအပြည့်နဲ့ လူပုံစံပါးစပ်ရှိတဲ့ ငါးကြောင့် လူတွေကြက်သီးထခဲ့ရတဲ့အဖြစ်

လူပုံစံနှုတ်ခမ်း နဲ့ ဖြူ ဖွေးတဲ့သွားတွေအပြည့်ရှိနေတဲ့ ငါးတစ်ကောင်ကိုဖမ်းမိခဲ့တဲ့အဖြစ်ဟာ social media ပေါ်မှာရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါငါးဟာ triggerfish ငါးအမျိုးအစားဖြစ်တယ်လို့ ယုံကြည့်ကြပြီး ၊

မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးကဖမ်းမိခဲ့တာဖြစ်ပါတယ် ။ အဆိုပါ ငါးဓာတ်ပုံကို ” သူ့နှုတ်ခမ်းက ငါ့ထက်ကိုပိုမိုက်နေတယ် ၊” ဆိုပြီး ရေးသားကာ Twitter စာမျက်နှာပေါ်မှာ ဝေမျှခဲ့ကြပါတယ် ။ အချို့သောသူများကတော့ အဆိုပါဓာတ်ပုံဟာ Photoshop လုပ်ထားတာကို ဝေဖန်ခဲ့ကြပြီး ၊ အမှန်တကယ်တော့ အဆိုပါငါးအမျိုးအစားဟာ မလေးရှားနိုင်ငံမှာ မြင်တွေ့နိုင်တဲ့ triggerfish ငါးမျိုးစိတ်ပေါင်း 40 ထဲ မျိုးစိပ်တစ်ခုဖြစ်ပါတယ် ။

အဆိုပါ ငါးအမျိုးအစားကို social media အသုံးပြုကြသူများက မျက်တောင်တု နှင့် လက်သည်းအတုတွေပါ တပ်ဆင်ပေးထားပြီး ဟာသဓာတ်ပုံအနေနဲ့ နောက်ပြောင်ကျီစယ်နေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*