
အခုခေတ် နိုင်ငံတကာမှာ ငွေသားအစား ကဒ်စနစ်၊ cashless စနစ်တွေ အသုံးများ လာပါတယ်။ ပိုက်ဆံတောင်းရမ်း စားသောက်ပြီး အသက်မွေးဝမ်းကြောင်းကျသူတွေတောင်မှ အခုဆိုရင် အဲဒီခေတ်မီစနစ်တွေကို အသုံးပြုလာကြပါပြီ။
တရုတ်နိုင်ငံက တောင်းရမ်း စားသောက်သူ တချို့ အတွက်ကေ တာ့ လှူမယ့်သူတွေဆီက ငွေအကြွေလေးတွေကို ခွက်လေးတစ်လုံး နဲ့ လိုက်တောင်းတဲ့ ခေတ်က လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကုန်သွားပါပြီ။ အကြောင်းကတော့ သူတို့တွေဟာ QR code payment ကနေတဆင့် cashless လှူဒါန်းမှုတွေကိုလည်း လက်ခံနေကြပြီ ဖြစ် တာကြောင့်ပါပဲ။
တရုတ်နိုင်ငံက Facebook သုံးစွဲသူ တစ်ဦးက သူငယ်ချင်းတွေနဲ့ ညစာစားထွက်ရင်းနဲ့ ဖြတ်သွားတဲ့ တောင်းရမ်း စားသောက် သူတွေဆီကနေတဆင့် သိရှိခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူဟာ အဲဒီ အကြောင်းကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ အဆိုပါအမျိုးသားရဲ့ သူငယ်ချင်းကို တောင်းရမ်းသူတစ်ဦး က ပိုက်ဆံလာတောင်းတဲ့အခါက သူငယ်ချင်းဖြစ်သူ က သူမမှာငွေသားမရှိကြောင်း ပြောခဲ့ပါတယ်။
အဲဒီအခါ မှာတော့ တောင်ရမ်းသူက သူမအနေနဲ့ ဖုန်းကနေ တဆင့်လည်း လှူဒါန်းနိုင်ကြောင်း ပြောပြခဲ့ တာကြောင့် သူတို့အတွက် အံ့သြသင့်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအခါ သူငယ်ချင်းဖြစ်သူလည်း မတတ်သာဘဲ ဖုန်းကနေတဆင့် ပိုက်ဆံ လှူလိုက်ရပါတယ်။အဲဒီအချိန်က အဆိုပါ အကြောင်းအရာဟာ လူမှုကွန်ယက် မှာအတော်လေးခေတ်စားသွားခဲ့ပြီး တောင်းရမ်း စားသောက်
သူတွေအနေနဲ့ အဲဒီလိုအရမ်းခေတ် မီနေတာ ကိုလည်း အံ့သြတကြီးဖြစ်ခဲ့ကြပါတယ်။တရုတ်နိုင်ငံမှာ လူအတော် များများဟာလည်း ခေတ်အခြေအနေအရ ငွေသားကိုင်ဆောင်သုံးစွဲမှု လျော့နည်း သွားပြီး cashless စနစ်ကိုပဲ အသုံးပြုလာကြတာကြောင့် တောင်းရမ်းသူတွေအနေ နဲ့လည်း ခေတ် အလိုက် ပုံစံပြောင်းလဲ လာကြဟန် တူပါတယ်။
Leave a Reply