လူတွေကျွေးတဲ့အဆိပ်ကိုစားပြီး မသေခင်မှာ မျက်ရည်ကျခဲ့ရတဲ့ခွေးကလေး

ဒီအဆိပ်မိတဲ့ခွေးလေးဟာ ပိုင်ရှင်မဲ့ခွေးလဲမဟုတ်ပါဘူး။ ပိုင်ရှင်ရှိတဲ့ခွေးတစ်ကောင်ဖြစ်ပြီး သူ့သခင်ဟာ Achy Wijayaအမည်ရ အင်ဒိုနီးရှားအမျိုးသားတစ်ယောက်ဖြစ်ပြီး သခင်ဖြစ်သူကနေ ယူကြုံးမရဖြစ်စရာကောင်းတဲ့ သူ့ခွေးရဲ့ဇာတ်လမ်းကို လူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့အတူ မျှဝေခဲ့တာပဲဖြစ်ပါတယ်။

Achy ရဲ့အိမ်ကိုတစ်ညမှာ သူခိုးတွေဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ သူခိုးဝင်တဲ့အတွက်ခွေးဟာ မရပ်မနားဟောင်နေခဲ့ပြီး Achyရဲ့မိသားစုဟာ ခွေးဟာအရင်ညတွေကလို ကြောင်တစ်ကောင်ကောင်နဲ့ရန်ဖြစ်ပြီးဟောင်တာထင်တဲ့အတွက် ထမကြည့်ဘဲအိပ်ပျော်သွားခဲ့တာ ခွေးလေးရုတ်တရက်အဟောင်ရပ်သွားတဲ့အထိပါ။

မနက်မိုးလင်းတဲ့အချိန် Achyတို့မိသားစု အပြင်ထွက်တဲ့အချိန်မှာမှ ခြံထဲမှာအသက်ငင်နေတဲ့ခွေးကိုတွေ့ရှိခဲ့ရတာပါ။ Achyဟာ ခွေးအဆိပ်သင့်တာပျောက်အေညင်၊ နွားနို့တွေတိုက်၊ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ ခွေးလေးဟာ Achyတို့ရဲ့မိသားစုရှေ့မှာပဲသေဆုံးသွားခဲ့ပါတယ်။ သူမသေခင်သူချစ်ရတဲ့ သခင်မိသားစုရှေ့မှာ မျက်ရည်ကျခဲ့တဲ့ဓာတ်ပုံကြောင့် ဒီဇာတ်လမ်းဟာ အင်တာနက်မှာနာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*