တရုတ်နိုင်ငံ GUIZHOU ပြည်နယ် တွင် ထူးဆန်းသော အသံ များကြောင့် ရပ်ရွာ ကို စွန့်ပြီး ထွက်ပြေး မှု များ ရှိနေ (ရုပ်/သံ)

တရုတ်နိုင်ငံ က ပြည်နယ် တစ်ခု မှာ ကြောက်မက်ဖွယ် အသံတွေကြောင့် လူသောင်း နဲ့ချီ ဒေသခံကျေးရွာတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြတယ် လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ ငလျင် မလှုပ်ခင် ထွက်ပေါ်တတ် တဲ့ တော်လည်းသံတွေ နဲ့ တူညီနေလို့ ဒေသခံတွေ မှာ မနေနိုင် ထွက်ပြေး ကြရတာပါ။ အခင်းဖြစ်ရာ ပြည်နယ် ကတော့ Guizhou လို့ သိရ ပါတယ် ။

တောင်ပေါ်ဒေသတော်တော်များများ မှာ ရွာတွေက တည်ထားတာကြောင့် ရွာသားတွေ ဟာ တောင်အောက် ကို အလျှင်အမြန် ခက်ခက်ခဲခဲ ဆင်းပြေးခဲ့ရတာပါ ။ အသံတွေက ဘယ်လိုဘယ်ဝါဖြစ်တယ် ဆိုတာ တစ်ယောက်ချင်းဆီ ရဲ့အပြောကတော့ မတူညီကြပါဘူး။

တချို့ရွာသားတွေ ကတော့ ဒဏ္ဍာရီလာ နဂါးကြီးတွေ ရဲ့ ဟိန်းဟောက်သံနဲ့ တူတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဒီအသံတွေဟာ ကျားတွေရဲ့ ဒေါသတကြီး အော်ဟစ်သံတွေနဲ့ တူတယ်လို့ ပြောပါတယ်။ သတ္တိရှိတဲ့ ရွာသားတွေ ကတော့ ဓာတ်မီးတွေ၊ ဓားလက်နက် အစုံအလင် နဲ့ အသံရှင်ကို ရှာကြသေးတယ်လို့ ဆိုပါတယ်။ Xiushi တောင်ကုန်း မှာနေတဲ့ ရွာသား တစ်ယောက်ကတော့ အခင်းဖြစ်စဉ် တချို့ ကို ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ် ။ အဲဒီဗွီဒီယိုမှတ်တမ်းဟာ တာဝန်ရှိသူတွေထံ ပေါက်ရောက်သွားခဲ့ရာ မှ တာဝန်ရှိ သူတွေကလည်း အခင်းဖြစ်စဉ် ကို စုံစမ်းစစ်ဆေး ဖို့ အဖွဲ့တွေ ခွဲဝေ လွှတ်ခဲ့ပါတယ်။

မြေပြင်ကွင်းဆင်းမှု အခြေအနေ အရ အသံပိုင်ရှင် မှာ ကြောက်မက်ဖွယ်ရာ သတ္တဝါ မဟုတ်ဘူးလို့ အဖြေထွက်ခဲ့ပါတယ်။ ခြေထောက် ဝါငုံးတွေ ရဲ့ အသံလို့ ဆိုပါတယ်။ အဲဒီငုံးတွေဟာ စာကလေးထက် အရွယ်အစား အနည်းငယ်သာ ကြီးမားပေမယ့် အသံတွေက ကြောက်မက်စရာပါ ။

သားပေါက်ရာသီ ဖြစ်တဲ့ အတွက် ငုံးမလေးတွေ ဟာ ညဆိုရင် တစ်နေရာမှ တစ်နေရာ ပြိုင် တူညည်းကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ပြိုင်တူညည်းသံဟာ မီတာ(၁၀၀)လောက်ကနေ ကောင်းကောင်းကြားနိုင်ပြီး၊ ညဘက် မှာ တိတ်ဆိတ် လို့ ပဲ့တင့်သံတွေကလည်း တစ်နေရာကနေ တစ်နေရာ ပြိုင်တူ ထွက်လေ့ရှိတာကြောင့် ကြောက်စရာ ဖြစ်စေတာလို့ ဇီဝဗေဒပညာ ရှင်တွေ က အဖြေထုတ် ခဲ့ပါတယ်။

တော်လည်းသံ အတိတ်နမိတ်တွေလား ဇီဝဗေဒပညာရှင်တွေ အဖြေထုတ်ခဲ့သလိုပဲလားဆိုတာတော့ ….အသံတွေကတော့ ကြောက်စရာအမှန်ပါ ..ရုပ်သံလေးကို ကြည့်ရှုကြည့်ပါ

 

Be the first to comment

Leave a Reply

Your email address will not be published.


*