Milk Tea သောက်ချင်လွန်းလို့ ဆိုင်ဖွင့်ချိန်တောင် မစောင့်နိုင်တော့ပဲ မနက်(၃)နာရီမှာဖောက်ဝင်ခဲ့သူ

ကယ်လီဖိုးနီးယား ၊ Sacramento မြို့က T4 လက်ဖက်ရည်ဆိုင်မှာ အအေးသိပ်သောက်ချင်နေတဲ့ သူခိုးတစ်ယောက် ဆိုင်ဖွင့်တဲ့ထိ မစောင့်နိုင်တော့ပဲ မနက်(၃)နာရီကြီး ဆိုင်ထဲဖေါက်ဝင်ခဲ့


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တာပါ။ ဆိုင်ထဲက စီစီတီဗီကင်မရာထဲမှာ ဒီလူက ဆိုင်ထဲဝင်ပြီး သူ့ဘာသာ နို့လက်ဖက်ရည်ဝင်ဖျော်မလို့ ပစ္စည်းတွေ လိုက်ရှာနေတာတွေ့ရပါတယ်။ ကံဆိုးစွာနဲ့ အဲ့ဒီမှာ ဘာလက်ဖက်ခြောက်ထုပ်မှမရှိပါဘူး။ ဆိုင်ပိုင်ရှင်က တစ်နေ့စာ တစ်နေ့ပဲ လတ်လတ်ဆတ်ဆတ်ဖျော်ပေးတယ်။ နောက်နေ့အတွက် ကြိုလုပ်ထားတာမျိုး ၊ ပစ္စည်းပိုလို့ တညလုံးသိမ်းထားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။


နို့လက်ဖက်ရည်မသောက်ရတဲ့အဆုံး ဘာမှမရှိတဲ့ cash register ကြီးကိုယူသွားပါတယ်။ T4 ဆိုင်ပိုင်ရှင်က ဗီဒီယိုထဲကလူကို ရဲလက်ထဲအပ်လိုက်ပြီး ဒီလိုစာလေးနဲ့ အကူညီတောင်းထားးပါတယ်။

” လူကြီးမင်းတို့ ဒီလူကိုတွေ့ရင် ကျွန်တော့် register ပြန်လာပေးဖို့ ပြောပေးပါ။ သူလာပေးမယ်ဆိုရင် ကျွန်တော်တို့ကလည်း နို့လက်ဖက်ရည်ပူပူလေးတစ်ခွက်ပြန်တိုက်မှာပါ.. ” တဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*