
သြစတေးလျှနိုင်ငံရဲ့ လူစည်ကားလှတဲ့ Byron Bay မှာ စပါးအုံးမြွေကြီးတစ်ကောင်ဟာ သားပိုက်ကောင်ကို အငမ်းမရ မျိုနေခဲ့ပါတယ်။ လမ်းသွားလမ်းလာ အများကလည်း ဒီအဖြစ်အပျက်ကို ဝိုင်းဝန်းကြည့်ရှုခဲ့ကြပြီး၊ စပါးအုံးမြွေကြီးကတော့ သစ်ပင်ပေါ်ကနေ တွဲလောင်းချလျှက် အနေအထားနဲ့ မျိုနေပါတယ်။
Byron Bay ဟာ New South Wales ပြည်နယ်မှာ တည်ရှိပြီး ဗြိတိန်ခရီးသွားတွေ နှစ်နှစ်ခြိုက်ခြိုက် သွားလာလည်ပတ်ရာ နေရာဖြစ်ပါတယ်။ ဒီမှတ်တမ်းဓာတ်ပုံတွေကို Michelle Hunjak ဆိုတဲ့ အမျိုးသားက မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ညီမ Simone နဲ့အတူ အိမ်ကိုပြန်လာစဉ်မှာ ဒီခြောက်ခြားဖွယ်ရာ မြင်ကွင်းကို မြင်တွေ့ခဲ့တာပါ။
Michelle က ” စပါးအုံးတွေက ဒီလိုစားနိုင်မှန်း ကျွန်တော် ထင်မထားခဲ့ပါဘူး … ကျွန်တော်က ကြောက်ရမယ့်အစား အံ့သြပြီး စိတ်ဝင်စားနေမိခဲ့တာပါ … “လို့ ပြောခဲ့ပါတယ်။ သားပိုက်ကောက်တစ်ကောင်လုံးကို မျိုချဖို့အတွက် စပါးအုံးမြွေကြီးဟာ အချိန် 15 မိနစ်ခန့်အထိ ယူခဲ့ရတယ်လို့ သိရပါတယ်။
Australian Reptile Park ပန်းခြံမှ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးခေါင်းဆောင် Dan Rumsey က စပါးအုံးမြွေတွေဟာ ၎င်းတို့ရဲ့ခေါင်းထက် 7 ဆလောက် ကြီးတဲ့ တိရစ္ဆာန်ကြီးတွေကိုတောင် မျိုချနိုင်ကြောင်း ပြောခဲ့ပါတယ်။
သတ္တဝါတစ်ခုခုကို မမျိုခင်မှာ ခန္ဓာကိုယ်ညှစ်အားနဲ့ အရင်ဆုံးညှစ်သတ် ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ အရိုးတွေကို ကျိူးစေကြောင်း ရှင်းပြပါတယ်။
ပြီးမှ သတ္တဝါကို စမျိုပြီး၊ မျိုနေစဉ်အတွင်းမှာ ၎င်းတို့ရဲ့သွားတွေဘေးရှိ ကြွက်သားတွေကို လိုသလိုချဲ့လိုက်ပြီး၊ တဖြည်းဖြည်းချင်း ကြိတ်သွင်းသွားကြောင်း Dan က ရှင်းပြပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင်လည်း ဒီလို မျိုနေရင်းနဲ့ အသက်ရှုလမ်းကြောင်းပိတ်ကာ သေဆုံးတာမျိုးလည်း ရှိကြောင်း သူက ဆိုခဲ့ပါတယ်။
Leave a Reply