စီးပွားရေးဆိုတာကို နားမလည်သေးတဲ့ မြန်မာတွေနဲ့ ခေါင်းပုံဖြတ် ဖဲသမားကြီးများ

စီးပွားရေးဆိုတာကို နားမလည်သေးတဲ့ မြန်မာတွေနဲ့ ခေါင်းပုံဖြတ် ဖဲသမားကြီးများ

စီးပွားရေးဆိုတာကို ကျွန်တော်တို့မြန်မာတွေ ဘယ်လိုနားလည်ကြလည်း ကျွန်တော်မသိဘူး ဒါပေမဲ့ ကျွန်တော်တို့မြန်မာတွေထဲမှာ သူဌေးသူကြွယ်ကြီးတွေကအစ စီးပွားရေးလုပ်တတ်တဲ့သူကို ကျွန်တော်မတွေ့ဖူးသေးဘူး။

ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင် မိသားစုတစ်စုမှာ စီးပွားရှာတယ်ဆိုတာ အပြင်က ပိုက်ဆံတွေကို မိသားစုထဲကို ရောက်အောင်လုပ်တာမဟုတ်လား အပြင်က အင်္ကျီတွေဝယ်လာတယ် မိသားစုဝင်တွေဆီကို အမြတ်တင်ပြီး ပြန်ရောင်းတယ် အဲဒီလိုလူကို မိသားစုအတွက် စီးပွားရှာပေးတဲ့သူလို့ ခေါ်လို့ရလား ဒါလေးပဲ မေးမယ် ဖြေကြဗျာ။

ခင်ဗျားတို့ သိပ်လေးစားနေကြတဲ့ မြန်မာသူဌေးကြီးတွေထဲက တိုင်းပြည်အတွက် စီးပွားရှာပေးနေတဲ့သူ ဘယ်သူရှိသလဲ ကျုပ်ရှင်းရှင်းပဲပြောမယ် တကယ်တမ်းတော့ ခင်ဗျားတို့ မြန်မာပြည်သူလူထုမွဲနေတာ အဲဒီလိုမျိုး ဖဲရိုက်ကောင်းတဲ့သူတွေကို စီးပွားရေးသမားကြီးတွေလို့ ထင်နေကြလို့ နိုင်ငံနဲ့ချီပြီး မွဲနေကြတာဖြစ်တယ်။

စီးပွားအရှာကောင်းတဲ့သူဆိုတာ ကိုယ့်အိမ်ရဲ့ ထုတ်ကုန် ထွက်ကုန်တွေကို ဈေးကွက်ရှိအောင် ဈေးရအောင် ရောင်းနိုင်တဲ့သူကိုမှ စီးပွားအရှာကောင်းတဲ့သူလို့ ခေါ်ဆိုကြတာ မဟုတ်လား အဲတော့ အိမ်တစ်အိမ် နိုင်ငံတစ်နိုင်ငံ စီးပွားရေးကောင်းမွန်ဖို့ဆိုတာ အဲဒီအိမ်ရဲ့ နိုင်ငံရဲ့ ထုတ်ကုန် ထွက်ကုန်တွေက ဘာတွေလဲ။ ဒါတွေကို ဈေးကွက်ရှိအောင် ဈေးရအောင် တင်ပို့ရောင်းချနိုင်မှသာ စီးပွားရေးကောင်းမွန်တယ်လို့ ဆိုနိုင်မှာ မဟုတ်လား

အဲတော့ မြန်မာ့ စီးပွားရေးလို့ဆိုလိုက်ရင် မြန်မာနိုင်ငံက ဘာတွေထွက်လဲ ဘာတွေ ထုတ်လုပ်ရောင်းချကြမလဲ။ ဒါကို အခြေခံကျကျ စဉ်းစားကြရမယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အဲဒီလို ထုတ်ကုန် ထွက်ကုန်တွေကို လုပ်ကိုင်နေကြတဲ့ Production သမားတွေကို ဦးစားပေးရမယ် အခု အဲဒီ နိုင်ငံတော်ကို လုပ်ကြွေးနေတဲ့ ထွက်ကုန် ထုတ်ကုန်လုပ်ငန်းလေးတွေ လုပ်ကိုင်နေကြတဲ့ SME လုပ်ငန်းသမားတွေဟာ နိုင်ငံတော်အစိုးရက အထင်ကြီးနေတဲ့ ဖဲသမားဘဏ်သူဌေးကြီးတွေရဲ့ ငွေကြေးပေါ်လစီနဲ့ နှိပ်ကွပ်ထားတာကို ခံနေရတယ် ဒါကို အစိုးရသိအောင် ပြောပြတာ။

၂၀၂၁ – ၂၀၂၅ မှာ နိုင်ငံတော်ကို မောင်းနှင်မယ့် ကျွန်တော်တို့ ပြည်သူ့အစိုးရအနေနဲ့ ကျွန်တော်ပြောပြတဲ့ စီးပွားရေးဆိုတဲ့ ရိုးရိုးရှင်းရှင်း အခြေခံအချက်ကလေးကိုပဲ အခြေခံစဉ်းစားပြီး စီးပွားကူးသန်းဝန်ကြီးသစ်အနေနဲ့ Banker ဖဲသမားကြီးတွေရဲ့ လောင်းရိပ်အောက်ကို မဝင်မိစေဖို့ သတိပေးစကား ပါးလိုက်ရပါတယ်။

ဘာလို့လဲဆိုတော့ မြန်မာကျပ်ငွေဈေးက သူတို့ချင်းညှိပြီး ကစားနေကြတာကိုးဗျ သူတို့က အဲလိုသလို ညစ်လိုက်ရင် ထုတ်ကုန်သမားတွေက လုပ်လာရသမျှ ဘာမှ အဖတ်မတင်တော့ဘူး။ ထုတ်ကုန်လုပ်ငန်းသမားတွေ စီးပွားဖြစ်မှ တိုင်းပြည်စီးပွားရေးကောင်းတယ်လို့ အမှန်ကို သိကြပါစို့။

အကယ်၍ မြန်မာ့ပြည်တွင်း ထုတ်ကုန်တစ်ခုခုသာ ကမ္ဘာ့ဈေးကွက်မှာ ပေါက်သွားခဲ့ရင် အဲဒီလုပ်ငန်းရှင်ကို ဝိုင်းဝန်းချီးမြှောက်ကြပြီး အများပိုင်ကုမ္ပဏီကြီးဖြစ်အောင်အထိ ကြီးထွားသွားအောင် သိုင်းကြဝိုင်းကြရလိမ့်မယ်။ နောက်ရက်မှာ အများပိုင် ကုမ္ပဏီကြီးတွေအကြောင်း ဆက်ပါမယ်

ဦးကျော်သူ၊ အရပ်သားကြီး၊ သာခွာ
မြန်မာအချင်းချင်း ဖိနှိပ်ခြင်း ကင်းရှင်းကြပါစေ

Be the first to comment

Leave a Reply

Your email address will not be published.


*