93 နှစ်အရွယ်မှာ မော်ဒယ်လုပ်ပြီး အပျော်ကြီးပျော်နေခဲ့တဲ့ အဘွားအို

ဒီတစ်ခေါက်ဖော်ပြမဲ့အသက် 93 နှစ်အရွယ် အဘွားအိုကတော့ အခြားဆယ်ကျော်သက်တွေထက်ကိုပိုပြီး post ပေးတတ်လွန်းလို့ လူအတော်အများရဲ့အာရုံစိုက်မှုတွေကိုရရှိနေတာပါ ။ Emiko အမည်ရှိတဲ့အဘွားအိုဟာ သူမရဲ့မြေးမလေးဖြစ်သူ ဒီဇိုင်နာ Chinami Mori ချုပ်ပေးထားတဲ့ ဝတ်စုံတွေအတွက် မော်ဒယ်လုပ်ပေးနေခဲ့တာပါ ။ အဘွားဟာ အတော်လေးကိုတက်ကြွပြီး ပြုံးပျော်လွန်းတဲ့ အမူအရာတွေကြောင့် Mori ချုပ်ပေးထားတဲ့ ရောင်စုံဝတ်စုံတွေနဲ့ အတော်လေးကိုလိုက်ဖက်နေခဲ့တာပါ ။

မြေးမလေး Chinami Mori ရဲ့ပြောပြချက်အရ ” ဒီမှာက ဘာစည်းမျဉ်းမှ မရှိပါဘူး ၊ ကျွန်မလွတ်လွတ်လပ်လပ် နဲ့ အရောင်စုံတဲ့ ဝတ်စုံတွေကို ဖန်တီးမယ် ” ဆိုပြီး အင်တာဗျူ းတစ်ခုမှာ ဖြေကြားခဲ့ပါတယ် ။

ထို့အပြင် အဘွားအပေါ် သူမရဲ့အချစ်တွေကိုလည်း ” ကမ္ဘာပေါ်မှာ ကျွန်မရဲ့အနှစ်သက်ဆုံးသောသူက အဘွားပါ ၊ အဘွားကို ပျော်ရွှင်အောင်ထားမယ် ၊ အဲ့ဆိုရင် ကျွန်မလည်းထပ်တူပျော်ရွှင်ရလို့ပါပဲ ” ဆိုပြီး ဖော်ပြသွားခဲ့ပါတယ် ။

ZawGyi




Be the first to comment

Leave a Reply

Your email address will not be published.


*