အတွင်းခံဘောင်းဘီနဲ့ဆိုင်ကယ်စီးတဲ့မဒီကြောင့် ကားကြောတွေပိတ်ခဲ့

ရုရှနိုင်ငံအနောက်ပိုင်း Kaluga ဒေသမှာ အမျိုးသမီးတစ်ဦးဟာ အဝတ်အစားမပါပဲ အောက်ခံဘောင်းဘီဖြင့်သာဆိုင်ကယ်နောက်က လိုက်စီးခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ သူမဟာ ခေါင်းမှာတော့ Safety Helmetဆောင်းထားခဲ့ပါတယ်

အခြားကားမောင်းလာတဲ့သူတွေကလည်း အံ့သြပြီးကားရပ်ကာ ဖုန်းတွေနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ အွန်လိုင်းပေါ်မှာအပြိုင်အဆိုင်တင်ခဲ့ကြပြီး တော်တော်ကိုဗြောင်းဆန်သွားခဲ့ပါတယ်။ ကားထဲက လူတစ်ယောက်ဆိုရင် ကားပြတင်းပေါက်ကထွက်ပြီး ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးရဲ့တင်ကိုပုတ်ခဲ့ပါတယ်။ အမျိုးသမီးကလည်း ကြည်ဖြူစွာပဲ ဘာမှမပြောခဲ့ပါဘူး။

အချို့သူတွေက ဒီလိုအဖြစ်အပျက်ဟာ ဥပဒေကိုဖောက်ဖျက်တာလို့ပြောပေမယ့် အာဏာပိုင်တွေကတော့ ဒါဟာဥပဒေကိုမချိုးဖောက်ကြောင်း၊ဘာလို့လည်းဆိုတော့ မိန်းကလေးက ရှေ့ပိုင်းကိုကာထားလို့ဖြစ်ကြောင်း၊ အကယ်၍လမ်းလျှောက်သွားမယ်ဆိုရင်တော့ ဥပဒေကို ချိုးဖောက်ရာကျမှာ ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*