
ထိုင်ဝမ် New Taipet မြို့ရှိ TamKang တက္ကသိုလ်က အမျိုးသမီးအဆောင်ထဲဝင်ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ကာ သူကိုယ်တိုင်ကလည်း မိန်းကလေးအကျီ ၤတွေ ယူဝတ်ထားတာတွေ့ရပါတယ်။
Chen အမည်ရှိလူတစ်ယောက်က အမျိုးသမီးဆောင်ထဲရောက်နေတဲ့ ထူးဆန်းတဲ့သူ့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖောက်ဝင်တဲ့ ကောင်လေးဟာ အသက် ၂၄နှစ်ရှိပြီး TamKang တက္ကသိုလ်နားမှာနေပါတယ်။ လက်ရှိမှာတော့ IT သမားတစ်ယောက်ပါ။ နောက်ပြီး သူကိုယ်တိုင်ကလည်း မိန်းမလိုဝတ်စားထားပြီး ရေချိုးခန်းထဲကို ထွက်လိုက်၊ ဝင်လိုက်လုပ်နေတာတွေ့ရတယ်။
အဲ့ဒီအချိန်မှာ မိန်းကလေးတွေကလည်း ရေချိုးနေတဲ့အချိန်ပါပဲ။ မိန်းကလေးတွေလည်း သတိထားမိသွားတော့ အားလုံးထွက်ပြေးကုန်ကြတယ်။ အကုန်ရိပ်မိကုန်တော့ သူလည်း အိမ်သာထဲဝင်ပုန်းနေခဲ့တယ်။ အဆောင်က တာဝန်ရှိသူတွေရောက်လာပြီး သူ့ကိုထွက်လာဖို့ပြောပါတယ်။ လွတ်ပြေးသွားမှာစိုးတာကြောင့် ရဲကိုလည်းအဆင်သင့်ခေါ်ထားလိုက်ပါတယ်။
သူ့ကို အိမ်သာခေါ်ထုတ်ပြီး စစ်ဆေးကြည့်တော့ ကင်မရာအသေးစားလုံး တစ်ခုတွေ့ရပါတယ်။ ကင်မရာရဲ့memory card ထဲမှာ ကောင်မလေးတွေ ရေချိုးနေတဲ့ဗီဒီယိုတွေ ၊ ဓာတ်ပုံတွေကို ချောင်းရိုက်နေခဲ့တာပါ။ သူ့ရဲ့အဖေက သိလည်းသိရော ထီးတစ်ချောင်းနဲ့လိုက်လာပြီး သားဖြစ်သူကိုရိုက်ပါတော့တယ်။ သူ့ကို စစ်ဆေးမေးမြန်းပြီးရင် ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Leave a Reply