
စက်တင်ဘာလ ၄ ရက်နေ့ မနေ့တုန်းက ထွက်ရှိလာတဲ့သတင်းတွေအရ မင်းသား Joo Ji Hoon နဲ့ မင်းသမီး Jun Ji Hyun တို့နှစ်ယောက်ဟာဆိုရင် ဇာတ်လမ်းတွဲအသစ်မှာ အဓိကဇာတ်ဆောင်တွေအဖြစ် အတူတွဲဖက်ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
“Mount Jiri” လို့ ယာယီအမည်ပေးထားတဲ့ အဆိုပါဇာတ်လမ်းတွဲမှာ Jun Ji Hyun နဲ့အတူပါဝင်သရုပ်ဆောင်ဖို့အတွက် Joo Ji Hoon ကို ဒီနှစ်အစောပိုင်းလောက်ကတည်းက ကမ်းလှမ်းခဲ့တာဖြစ်ပြီး Joo Ji Hoon အနေနဲ့ကတော့ ယခုတော့မှာသာလျှင် ဇာတ်ကားကိုလက်ခံရိုက်ကူးဖို့အတွက် အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဂျီရီတောင်တန်းမှာ ဒုက္ခရောက်ပြီးပိတ်မိနေကြတဲ့ လူတွေကိုကယ်တင်ပေးတဲ့ တောခေါင်းတွေရဲ့အကြောင်းကို ဇာတ်လမ်းပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာဆိုရင် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းပုံစံဖြစ်ပြီး Jun Ji Hyun ကတော့ ဂျီရီတောင်တန်းရဲ့လမ်းကြောင်းတွေအားလုံးကိုကျွမ်းကျင်တဲ့ တောခေါင်း Seo Yi Kang အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Joo Ji Hoon ကတော့ လျှို့ဝှက်ချက်တွေရှိတဲ့ တောခေါင်းအသစ်တစ်ယောက်အနေနဲ့ ပါဝင်သွားမှာဖြစ်ကာ ဇာတ်လမ်းတွဲရိုက်ကူးမှုကိုတော့ ဒီစက်တင်ဘာလအလယ်လောက်မှ စတင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကျတော့မှသာလျှင် ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
Ref : Soompi
Leave a Reply