
သူမကတော့ အသက်၂၄နှစ်အရွယ်ရှိ Nguyen Thi Hai Yenအမည်ရကောင်မလေးပဲဖြစ်ပါတယ်။ သူမပန်းကန်ဆေးနေတဲ့ပုံကို မိခင်ဖြစ်သူကနေ အင်တာနက်မှာတင်ခဲ့ရာမှ လူသိများနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ သူမရဲ့အလှကြောင့်တင်မဟုတ်ပါဘူး၊ အလုပ်ကြိုးစားလွန်းတဲ့မိန်းကလေးဖြစ်တာကြောင့်လဲပါပါတယ်။
Nguyen ဟာ သူမရဲ့မိသားစုပိုင်စားသောက်ဆိုင်မှာ ကူလုပ်ပေးနေတာဖြစ်ပြီး ပန်းကန်ဆေးတာအပါအဝင် မီးဖိုချောင်နဲ့ အခြားသောနေရာတွေမှာလည်း ဝင်ရောက်ကူလုပ်ပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင်သူမဟာ လက်ရှိမှာ နည်းပညာတက္ကသိုလ်တက်ရောက်နေသူတစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္မဏီတစ်ခုမှာလည်း အလုပ်လုပ်နေသေးတယ်လို့ သိရပါတယ်။
Nguyen ရဲ့ပုံတွေဟာ ကိုရီးယားနဲ့တရုတ် အင်တာနက်အသုံးပြုသူတွေကြားမှာ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင်တော့ Follower အတော်များများနဲ့ အင်တာနက်မှာ နာမည်ကြီးသူတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။
Leave a Reply