သမီးဖြစ်သူအတွက် လမ်းမထက်မှ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်ရဲခဲ့တဲ့ ဖခင်တစ်ဦး

တရုတ်နိုင်ငံမှ ဖခင်တစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအတွက် သူ့ရဲ့ ဂုဏ်သိက္ခာတွေကို တောင် စွန့်လွှတ်ပြီး လမ်းမထက်မှာ အကူအညီတောင်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။

အသက် (၄၅)နှစ်အရွယ် လက်သမားဆရာတစ်ယောက် ဟာ သူရဲ့ သမီးဖြစ်သူခံစားနေရတဲ့ ဝေဒနာတွေကို ကုသဖို့ ဆေးဖိုးဝါးခ မတတ်နိုင်တော့တဲ့အဆုံးမှာ သူ့ကိုယ်သူ မိတ်ကပ်တွေလိမ်းခြယ်ပြီး သတို့သမီးတစ်ယောက် အဖြစ် ဝတ်စုံအပြည့်ဝတ်ဆင်ပြီး သမီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအတွက် လမ်းသွားလမ်းလာတွေကိုအလှူခံခဲ့တာဖြစ်ပါတယ်။

အသက် (၄၅) နှစ် ရှိပြီဖြစ်တဲ့ Guo ဟာ အသက်လေးနှစ်အရွယ် မိတဆိုးသမီးလေး ရဲ့ သွေးကင်ဆာရောဂါပျောက်ကင်းစေဖို့ အတွက် ဆေးဖိုးအဖြစ်ယွမ်သိန်းပေါင်းမြောက်မြားစွာကို ချေးယူပြီး ကုသခဲ့ပါတယ် ။ ခီမို ကုထုံး ကို ရှစ်ကြိမ်တိတိ ယူပြီးနောက်မှာ သမီးဖြစ်သူ ရောဂါ ပျောက်ကင်းသွားသယောင်ယောင်ရှိနေခဲ့ပေမယ့် သူမရဲ့ ရောဂါထပ်မံဖြစ်လာခဲ့တာကြောင့်

ထပ်မံ ငွေများလိုအပ်လာပါတယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ အကူအညီကို ရယူနိုင်ဖို့ အာရုံစိုစေလိုတဲ့အတွက် အခုလို သတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး ဆေးဖိုးအတွက် အလှူခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ကြောင့် တရုတ်ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေမှာပွဲဆူခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Guo က အခုလိုပြောပါတယ်။ “ကျနော် ရဲ့ ဂုဏ်သိက္ခာ နဲ့ ပိုင်ဆိုမှုတွေက အရေးမကြီးတော့ပါဘူးဗျာ ၊ ကျနော့်သမီးအတွက် ဆေးဖိုးဝါးခ ကူညီချင်တဲ့သူတွေရှိတယ်ဆိုရင် ၊ အဲဒီပိုက်ဆံတွေကိုသမီးလေးအတွက်ပဲ အကုန်သုံးမယ်လို့ကတိပေးရဲပါတယ်ဗျာလို့ပြောဆိုခဲ့ပါတယ်။ လတ်တလော တရုတ်လူမှုကွန်ယက်တွေပေါ်မှာတော့ မေတ္တာကြီးမားလှတဲ့

ဖခင်တစ်ယောက်အဖြစ် လေးစားဂုဏ်ပြုနေကြတဲ့အချိန် မှာတော့ Guo တစ်ယောက် သူ့သမီးလေးဆေးဖိုးအတွက် အကူအညီပေးမယ့်သူတွေ နဲ့ လှူဒါန်းလာမယ့်ဆေးကုသစားရိတ်တွေကိုမျော်လင့်နေဆဲ့ပါ ။ ပရိသတ်ကြီးရေ မေတ္တာတရားကြီးမားတဲ့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေရှိခဲ့ရင် မှတ်ချက်မှာပြောပေးသွားကြပါဦးနော်။

ZawGyi

တ႐ုတ္ႏိုင္ငံမွ ဖခင္တစ္ေယာက္ဟာ သမီးျဖစ္သူရဲ႕ ေဆးဖိုးဝါးခအတြက္ သူ႔ရဲ႕ ဂုဏ္သိကၡာေတြကို ေတာင္ စြန႔္လႊတ္ၿပီး လမ္းမထက္မွာ အကူအညီေတာင္းခဲ့တဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္ ။

 


အသက္ (၄၅)ႏွစ္အ႐ြယ္ လက္သမားဆရာတစ္ေယာက္ ဟာ သူရဲ႕ သမီးျဖစ္သူခံစားေနရတဲ့ ေဝဒနာေတြကို ကုသဖို႔ ေဆးဖိုးဝါးခ မတတ္ႏိုင္ေတာ့တဲ့အဆုံးမွာ သူ႔ကိုယ္သူ မိတ္ကပ္ေတြလိမ္းျခယ္ၿပီး သတို႔သမီးတစ္ေယာက္ အျဖစ္ ဝတ္စုံအျပည့္ဝတ္ဆင္ၿပီး သမီးျဖစ္သူရဲ႕ ေဆးဖိုးဝါးခအတြက္ လမ္းသြားလမ္းလာေတြကိုအလႉခံခဲ့တာျဖစ္ပါတယ္။

အသက္ (၄၅) ႏွစ္ ရွိၿပီျဖစ္တဲ့ Guo ဟာ အသက္ေလးႏွစ္အ႐ြယ္ မိတဆိုးသမီးေလး ရဲ႕ ေသြးကင္ဆာေရာဂါေပ်ာက္ကင္းေစဖို႔ အတြက္ ေဆးဖိုးအျဖစ္ယြမ္သိန္းေပါင္းေျမာက္ျမားစြာကို ေခ်းယူၿပီး ကုသခဲ့ပါတယ္ ။ ခီမို ကုထုံး ကို ရွစ္ႀကိမ္တိတိ ယူၿပီးေနာက္မွာ သမီးျဖစ္သူ ေရာဂါ ေပ်ာက္ကင္းသြားသေယာင္ေယာင္ရွိေနခဲ့ေပမယ့္ သူမရဲ႕ ေရာဂါထပ္မံျဖစ္လာခဲ့တာေၾကာင့္

ထပ္မံ ေငြမ်ားလိုအပ္လာပါတယ္။ သူ႔ပတ္ဝန္းက်င္မွာရွိတဲ့ သူေတြရဲ႕ အကူအညီကို ရယူႏိုင္ဖို႔ အာ႐ုံစိုေစလိုတဲ့အတြက္ အခုလို သတို႔သမီးဝတ္စုံကို ဝတ္ဆင္ၿပီး ေဆးဖိုးအတြက္ အလႉခံခဲ့ရပါတယ္။ဒီျဖစ္ရပ္ေၾကာင့္ တ႐ုတ္ျပည္တြင္းမွာရွိတဲ့ မီဒီယာေတြမွာပြဲဆူခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Guo က အခုလိုေျပာပါတယ္။ “က်ေနာ္ ရဲ႕ ဂုဏ္သိကၡာ နဲ႔ ပိုင္ဆိုမႈေတြက အေရးမႀကီးေတာ့ပါဘူးဗ်ာ ၊ က်ေနာ့္သမီးအတြက္ ေဆးဖိုးဝါးခ ကူညီခ်င္တဲ့သူေတြရွိတယ္ဆိုရင္ ၊ အဲဒီပိုက္ဆံေတြကိုသမီးေလးအတြက္ပဲ အကုန္သုံးမယ္လို႔ကတိေပးရဲပါတယ္ဗ်ာလို႔ေျပာဆိုခဲ့ပါတယ္။ လတ္တေလာ တ႐ုတ္လူမႈကြန္ယက္ေတြေပၚမွာေတာ့ ေမတၱာႀကီးမားလွတဲ့

ဖခင္တစ္ေယာက္အျဖစ္ ေလးစားဂုဏ္ျပဳေနၾကတဲ့အခ်ိန္ မွာေတာ့ Guo တစ္ေယာက္ သူ႔သမီးေလးေဆးဖိုးအတြက္ အကူအညီေပးမယ့္သူေတြ နဲ႔ လႉဒါန္းလာမယ့္ေဆးကုသစားရိတ္ေတြကိုေမ်ာ္လင့္ေနဆဲ့ပါ ။ ပရိသတ္ႀကီးေရ ေမတၱာတရားႀကီးမားတဲ့ အေဖနဲ႔ ပတ္သက္တဲ့ အမွတ္တရေလးေတြရွိခဲ့ရင္ မွတ္ခ်က္မွာေျပာေပးသြားၾကပါဦးေနာ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*