
တရုတ်နိုင်ငံက ခွေးလိမ္မာလေးနှစ်ကောင်ကတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေပါပြီ။ သခင်ဖြစ်သူရဲ့သမီးလေးအိမ်စာလုပ်နေတာကို ဘေးနားကနေ စောင့်ကြည့်ဖို့ တာဝန်တစ်ခုကိုထမ်းဆောင်နေသူလေးတွေဖြစ်ပါတယ်။
Xu ဆိုတဲ့ သခင်က ခွေးလေးတွေကို သေချာသင်ကြားပေးထားတာဖြစ်ပါတယ်။ သူမသမီး စာတွေလုပ်ရဲ့လားဆိုတာ သူလည်းမစောင့်ကြည့်ပေးနိုင်တာကြောင့် ခွေးလေးတွေကို ဒီလိုတာဝန်ပေးထားတာပါ။ XU ရဲ့သမီးဟာ စာလုပ်နေချိန် သေချာမစောင့်ကြည့်ရင် ဖုန်းခိုးခိုးသုံးလို့ မအားတဲ့အချိန်မှာ လစ်ဟင်းမှုမရှိအောင် သူ့အစားခွေးကို တာဝန်ပေးလိုက်တာပါပဲ။
ဗီဒီယိုထဲမှာ ခွေးလေးက သူမကို စိတ်ရှည်ရှည်နဲ့ကို သေချာစောင့်ကြည့်ပေးနေတာတွေ့ရတယ်။ စာလုပ်ပြီးရင် သူတို့နှစ်ယောက် အတူတူကစားကြပါတယ်။ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်တယ်နော်…
Leave a Reply