လူတွေအနားလာပြီးရေတိုက်ဖို့ လက်နှစ်ဖက်မြှောက်ပြီးတောင်းဆိုနေခဲ့တဲ့ ရှဉ့်လေး (ရုပ်သံ)

လူတွေအနားလာပြီးရေတိုက်ဖို့ တောင်းဆိုနေခဲ့တဲ့ ရှဉ့်လေးရဲ့ရုပ်သံဟာ online ပေါ်မှာအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။ Video ထဲမှာတော့ ရှဉ့်ဟာ ရေဘူးကိုင်ထားတဲ့ကလေးငယ်အနားချဉ်းကပ်သွားပြီးနောက် ရေတိုက်ဖို့ရှေ့လက်နှစ်ဖက်ကိုမြှောက်ပြီးတောင်ဆိုနေခဲ့တာပါ ။ ထိုအချိန်မှာတော့ ရှဉ့်လေး ရေဆာနေတာကိုသတိထားမိသွားခဲ့ကြပြီး

ကလေးငယ်မှာလည်းသူ၏ရေသန့်ဘူးကို ဖွင့်ပြီးရေတိုက်ဖို့ကြံနေပေမဲ့ ” သူ့ကို ဘယ်လိုရေတိုက်ရမှာလဲ ” ဆိုပြီး ပြောလိုက်တဲ့အချိန်မှာမှ video ရိုက်ကူနေသူက ရေသန့်ဘူးကိုယူပြီး ရှဉ့်လေးအနားသို့ ထားပေးလိုက်ပါတယ် ။ ထိုအချိန်မှာတော့ ရှဉ့်ဟာ သူ၏ပါးစပ်ကိုရေဘူးအပေါက်နားကပ်ပြီး ရေတစ်ဘူးလုံးကုန်တဲ့အထိသောက်ပစ်ခဲ့ပါတယ် ။ ရေကုန်သွားတဲ့အချိန်မှ ရှဉ့်လေးဟာ ကလေးတွေရဲ့အနားကနေ ထွက်သွားခဲ့ပါတော့တယ် ။

အဆိုပါ video ကိုရိုက်ကူးခဲ့တဲ့နေရာကိုတော့ အတိအကျမသိရပေမဲ့ ၊ လူတွေကိုဘယ်လိုချဉ်းကပ်ရမလဲဆိုတာ သိလွန်တဲ့ ရှဉ့်လေးကိုတော့ လူအတော်အများက ချီးကျူ းခဲ့ကြပါတယ် ။ တစ်ချို့ကျတော့လည်း ” အတော်လေး ရေဆာနေပုံပဲ ၊ ကိုင်ထားတာ ရေဘူးမှန်းတန်းသိတယ် ” ၊ ” လူတွေအနားချဉ်းကပ်ပြီး သူတို့ဘာလိုချင်လဲဆိုတာ သိနေတယ် ချစ်ဖို့ကောင်းလွန်းတယ် ” ဆိုပြီး ရှဉ့်လေးရဲ့အပြုအမှုကို ချစ်မဝနိုင်အောင် မျိုးစုံမှတ်ချက်ပေးခဲ့ကြပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*