ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လေယာဉ်စီး ခရီးသည်များ လိုက်နာဆောင်ရွက်ရန်

ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လေယာဉ်စီး ခရီးသည်များ လိုက်နာဆောင်ရွက်ရန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေယာဉ်ထွက်ခွာ/ ဆိုက်ရောက်မည့် မြို့နယ်များ၏ Stay at Home သတ်မှတ်ချက်ပေါ် မူတည်ကာ လိုက်ပါမည့် ခရီးသည်များလိုက်နာဆောင်ရွက်ရမည့် COVID- 19 ရောဂါ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုနှင့် အသွားအလာ ကန့်သတ်ခြင်း


(က) ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (NDT)ဖြင့်စစ်ဆေးထားသည့် Covid-19 ရောဂါပိုးမရှိကြောင်းဓါတ်ခွဲစမ်းသပ်ချက်ကို Check-inဝင်သည့်အချိန်၌ တင်ပြနိုင်ရမည်။

(ခ) Check-in ဝင်သည့်အချိန်တွင် မိမိနေရပ်လိပ်စာဖြည့်စွက်ရာတွင် ဆိုက်ရောက်သည့်မြို့၌တည်းခိုမည့်နေရာကို တိကျမှန်ကန်စွာ ဖြည့်စွက်ရမည်။
(ဂ) Stay-at-Home ဒေသမှ လာသောခရီးသည်များအနေဖြင့် Non-Stay-at-Home ဒေသသို့ရောက်ရှိပါက FacilityQuarantine(သို့မဟုတ်)Hotel Quarantine ဝင်ရမည်။ ရောက်ရှိသည့်နေ့၌ Facility Quarantine မလုံလောက်ပါကHotel Quarantine ကိုမိမိစရိတ်ဖြင့်ဝင်ရောက်ရမည်။ Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် RT-PCR Testကိုမိမိစရိတ်ဖြင့်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quarantine မှထွက်နိုင်သည်။ RT.PCR Test ဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ Rapid Antigen Diagnostic Test (NDT)ဖြင့်သာစစ်ဆေးပါက Quarantine ကို (၇) ရက်အကြာဝင်ရမည်။ စစ်ဆေးမှုစရိတ်များကိုအောက်ပါအတိုင်း မိမိစရိတ်ဖြင့်ပေးချေရမည်။

စစ်ဆေးမှုအမျိုးအစား
~~~~~~~~~~~~~~~~~~
Reverse Transcriptase Polymerase Chain ReactionTest (RT-PCR)တစ်ကြိမ်ဈေးနှုန်း ၃၅,၀၀၀ ကျပ်
Rapid Antigen Diagnostic Test
(RDT)တစ်ကြိမ်ဈေးနှုန်း ၁၀,၀၀၀ ကျပ်
(ဃ) Stay-at-Home ဒေသမှလာသောခရီးသည်များအနေဖြင့် အခြား Stay-at-Homeဒေသသို့ သွားပါက ခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid Antigen Diagnostic Test (NDT) ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(c) Non-Stay-at-Homeဒေသမှ လာသောခရီးသည်များအနေဖြင့် မည်သည့်ဒေသသို့ပင်သွားစေကာမူခရီးစဉ်စတင်မထွက်ခွာမီ ၃၆ နာရီအတွင်း Rapid AntigenDiagnostic Test (RDT)ဖြင့်စစ်ဆေးထားပြီးဖြစ်သဖြင့် Quarantine ဝင်ရန်မလို။

(စ) သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့် လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်။

(ဆ) ခရီးသည်များ အနေဖြင့် COVID-19 သံသယဖြစ်ဖွယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း အစရှိသည့် ရောဂါလက္ခဏာများ အလုံးစုံကင်းစင်မှသာ သတ်မှတ် ခရီးစဉ်တွင်လိုက်ပါရမည်။

(သက်ဆိုင်ရာမြို့သို့ လေယာဉ်ဆိုက်ရောက်ပါက ဒေသအာဏာပိုင်များ၏ ကျန်းမာရေးစစ်ဆေးမှုများနှင့်လိုအပ်သော အသွားအလာကန့်သတ်ခြင်း လုပ်ငန်းစဉ် များအား မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန်၊)

မှတ်ချက်။ ။Quarantine ဆိုင်ရာသတ်မှတ်ချက်များသည် ပြောင်းလဲလာသည့်အခြေအနေအချိန်အခါ(Changing Epidemiological Situation) ပေါ်မူတည်၍ပြောင်းလဲမှုများရှိနိုင်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

(၅.၁၂..၂၀၂၀)

@Ma Ma Yangon

@Aung Myint Maw

Be the first to comment

Leave a Reply

Your email address will not be published.


*