Wedding Photo ရိုက်နေရင်း ရေကန်ထဲမှာရေနစ်နေတဲ့ ကလေးငယ်ကိုကယ်ထုတ်ပေးခဲ့တဲ့ စုံတွဲ

တရုတ်နိုင်ငံ Jiangsu ပြည်နယ်အရှေ့ဖက်ခြမ်းမှာ မင်္ဂလာပွဲအတွက်ဓာတ်ပုံတွေရိုက်နေခဲ့တဲ့စုံတွဲဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မမျှော်လင့်ဘဲရေကန်ငယ်ထဲပြုတ်ကျသွားခဲ့တဲ့ကလေးငယ်ကို အချိန်မီကယ်တင်ပေးနိုင်ခဲ့ပါတယ် ။ အဆိုပါ Yingbin ပန်းခြံမှာဓာတ်ပုံရိုက်နေတုန်း ကလေးငယ်တစ်ယောက်ရဲ့အော်ဟစ်အကူအညီတောင်းသံကိုကြားလိုက်ရလို့

လှည့်ပတ်ကြည့်လိုက်ချိန်မှာတော့ ရေထဲမှာရေနစ်နေလို့ရုန်းကန်နေခဲ့တဲ့ ကလေးမလေးကိုတွေ့ရှိခဲ့ရပါတယ် ။ ထိုအချိန်မှာတော့ သတို့သားဖြစ်သူဟာ သူ့ရဲ့သတို့သားဝတ်စုံကိုချွတ်ပစ်ဖို့တောင် သတိမရဘဲ ရေကန်ထဲသို့ခုန်ဆင်းကာ ကလေးငယ်ကိုကယ်တင်ပေးခဲ့ပြီး ရေကန်အစပ်မှာတော့ သတို့သမီးဟာ ကလေးမလေးကိုလှမ်းပြီးပွေ့ချီပေးဖို့ စောင့်နေခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို ဓာတ်ပုံဆရာကလည်း အချိန်ကိုက်ရိုက်ကူးထားနိုင်ခဲ့လို့ လူ့အသက်ကယ်တင်ပေးခဲ့တဲ့စုံတွဲရဲ့မင်္ဂလာဓာတ်ပုံလေးဆိုပြီး social media ပေါ်မှာ အတော်လေးရေပန်းစားသွားခဲ့ပါတော့တယ် ။ ကလေးမလေးဟာ 5နှစ်အရွယ်သာရှိသေးပြီး ၊ သူ၏နေအိမ်မှာလည်း ပန်းခြံနှင့်အတော်လေးနီးကပ်သောကြောင့်

ပန်းခြံသို့လာရောက်ကစားရင် အခန့်မသင့်ဘဲရေကန်ထဲသို့ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ် ။ အဆိုပါစုံတွဲလေးဟာ လူ့အသက်ကယ်တင်ပေးလိုက်ရလို့ အပျော်ကြီးပျော်နေခဲ့ပေမဲ့လည်း ၎င်းတို့ရဲ့အမည်ကိုတော့ ထုတ်ဖော်ပြခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*