ငယ်ငယ်က ခဲဖျက်ခိုးယူခဲ့တဲ့ဆိုင်ကို ၁၅နှစ် အကြာမှာ ပြန်လာပြီးတောင်းပန်ခဲ့တဲ့လူငယ်လေး

လူတိုင်းကတော့ ငယ်ရွယ်စဉ်အချိန်တုန်းက ပစ္စည်းတွေမခိုးယူမိခဲ့ရင်တောင် မိဘတွေမသိအောင်မုန့်ကိုတော့ ခိုးစားမိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အသက် 23 နှစ်အရွယ် ကောင်လေးဟာ လွန်ခဲ့တဲ့ 15 နှစ်ခန့်က ကျူ းလွန်မိခဲ့တဲ့လုပ်ရပ်ကြောင့် Ayer Tawar မြို့သို့ပြန်လာခဲ့ပြီး တောင်းပန်စကားဆိုခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့အဆိုပါကောင်လေးဟာ အသက် 8နှစ်အရွယ်ခန့်က စတိုးဆိုင်တစ်ဆိုင်ကနေ ခဲဖျတ် ခိုးယူမိခဲ့တဲ့အတွက် ဆိုင်ရှင်ဖြစ်သူနဲ့ မျက်နှာချင်ဆိုင်ပြီးတောင်းပန်ရမှာ ရှက်တဲ့အဆုံး စာတစ်စောင် ၊ RM 50 ပိုက်ဆံတစ်ရွက်နဲ့အတူ ထားခဲ့ပြီး တောင်းပန်ခဲ့ပါတယ် ။

စာထဲမှာတော့ ” လွန်ခဲ့တဲ့ 15 နှစ် ၊ ကျွန်တော့်အသက် 8နှစ်အရွယ်မှာ ၊ ခင်ဗျားဆိုင်ကနေ ကျွန်တော် ခဲဖျတ်ခိုးယူမိခဲ့တယ် ၊ ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့တောင်းပန်ချင်ပါတယ် ၊ ကျွန်တော် ခင်ဗျားဆီကယူထားတဲ့ အကြွေးပြန်ဆပ်ချင်လို့ပါ ၊ ကျွန်တော် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် ၊ ကျွန်တော် အသက် 10 နှစ်အရွယ်တုန်းက အိမ်ပြောင်းသွားခဲ့လို့ပါ ၊ ကျွန်တော့်ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်မိပါတယ် ” ဆိုပြီး တောင်းပန်စာကို ရေးသားသွားခဲ့ပါတယ် ။

 

ဆိုင်ရှင်ဖြစ်တဲ့ Mr.Chee ရဲ့ပြောပြချက်အရ ကောင်လေးဟာ ဆိုင်အတွင်းသို့ဝင်ရောက်လာပြီး ရေတစ်ဘူး နဲ့ ပေါင်မုန့်ဝယ်သွားခဲ့ပါတယ် ။ ထို့နောက် ဆိုင်အပြင်ဖက်အထိထွက်ပြီး ဆိုင်ကိုပတ်ပတ်လည်ကြည့်နေခဲ့လို့ ဆိုင်ရှင်ကလည်းဆိုင်အပြင်ထွက်ပြီး ဘာကူညီပေးရမလဲဆိုပြီး မေးမြန်းခဲ့ပါတယ် ။ ထို့နောက် ကောင်လေးဟာ လွန်ခဲ့တဲ့ 15 နှစ်တုန်းက ဒီဆိုင်ကိုဖွင့်ခဲ့တဲ့ ဆိုင်ရှင်လားဆိုပြီး မေးမြန်ခဲ့လို့ ဟုတ်မှန်ကြောင်း ဖြေကြားပေးခဲ့ချိန်မှာတော့ ကောင်လေးဟာစာတစ်စောင်ပေးပြီး သူထွက်သွားတဲ့ အချိန်မှ ဖတ်ဖို့ တောင်းဆိုခဲ့ပါတယ် ။

ထို့နောက် ဆိုင်ရှင်ဟာ အဆိုပါတောင်းပန်စာကို ဖတ်မိပြီးခဲ့ချိန်မှာတော့ ကောင်လေးရဲ့ စိတ်နေသဘောထားကို အတော်လေးသဘောကျသွားပြီး အဆိုပါစာလေးကို သူ၏ဆိုင်တွင်ကပ်ထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထိုမှသာ လူတွေဟာ ကိုယ့်အမှားကို အချိန်မလွန်ခင်ပြန်ပြီးပြင်ဆင်ဖို့ သတိရပြီး ၊ အခွင့်အရေးရအောင် ရည်ရွယ်ပြီးမျှော်လင့်မိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် အဆိုပါကောင်လေးကိုလည်း ခွင့်လွှတ်ကြောင်း ဖြေကြားသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*