သစ်တုံးတစ်တုံး နဲ့ တံတား တစ်စင်း ဖြစ်အောင် လုပ်နိုင် တဲ့ လေးစား ဖွယ်လူ

ကျနော်တို့နိုင်ငံမှာ တံတားတစ်စင်း ကို နှစ်ပတ် မလည်ခင် ပြိုကျတာတို့၊ အဆောက်အဦးတွေ လက်စမသပ်ရသေးခင် ပြိုကျတာတို့မကြာခဏကြားခဲ့ဘူးတယ်။ဒို့ရွာမှာတော့ သစ်လုံး တစ်လုံးနဲ့တံတားထိုးထားတာ ၁၀ နှစ်ကျော်ပြီးပန်းပန်လျှက်ဘဲ။

မိုးတွင်းကာလ တောင်ကျရေတွေ အကျကြမ်းတဲ့အချိန် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရွာသူရွာသားတွေ ဒီတံတားကို ဖြတ်လျှောက်ဖို့မဝံ့မရဲ ဖြစ်နေကြလို့ကျနော်တို့ရွာသူ/သားတွေက သစ်လုံးတလုံးနဲ့ကို ပရိုဖက်ရှင်နယ် တံတားလေးတစင်းဖြစ်အောင် လက်စွမ်းပြနိုင်ခဲ့တယ်။

ဒီတံတားလေး ဟာ ကျနော်တို့ရွာသူ/သားတွေအတွက် လယ်ထဲဆင်း၊ တောင်ယာသွား၊ တောတောင်ထဲသွားမျှစ်ချိုး အသီးအရွက်ရှာ၊ သစ်ခုတ်၊ ဝါးခုတ်၊တရွာနဲ့တရွာ ကူးလူးသွားလာဖို့အတွက်အလွန်ကို အသုံးဝင်တဲ့ တံတား တစင်းဖြစ်ပါတယ်။ ဒီလက်စွမ်းအတွက် ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင်မလား ပါဘဲ။

အရှည် ပေနှစ်ရာနီးပါး သစ်လုံး တစ်လုံးနဲ့ တံတားတစင်းဖြစ်အောင် တည်ဆောက်ခဲ့ တဲ့ ဒီတံတား ကို ဖြတ်လျှောက်ချင် ရင်တော့ ကရင်ပြည်နယ် ၊ လှိုင်းဘွဲမြို့နယ် ၊ ဒေါနတောင်ခြေမှာရှိတဲ့ နောင်တိုင်ရွာ(ဏံင့်တိုင်)၊ ဝိုက်သနိုးချောင်းဆီကို မြန်း လာခဲ့ပေါ့နော်။

Credit Karen News

Be the first to comment

Leave a Reply

Your email address will not be published.


*