တိုက်ခန်းမီးလောင်မှုမှာ တစ်ယောက်ကိုယ်တစ်ယောက် ကယ်တင်ပေးခဲ့ကြတဲ့ စုံတွဲလေး (ရုပ်သံ)

တရုတ်နိုင်ငံက လူငယ်စုံတွဲလေးရဲ့ထိတ်လန့်စရာ အခိုက်တန့်လေးကတော့ ကြည်နူးစရာလည်းကောင်းသလို ၊ သွေးပျက်စရာလည်း ကြုံခဲ့ရပါတယ်။

တရုတ်နိုင်ငံ Shenyang, Liaoning မြို့က တိုက်ခန်း ၇လွှာမှာ Li Shuo နဲ့ မိန်းမဖြစ်သူ Wang Xue တို့အတူနေထိုင်ကြပါတယ်။ ရုတ်တရက် သူတို့အိမ်မီးလောင်တော့ Li က မိန်းမကို အရင်လွတ်သွားအောင်ကူညီပေးတယ်။ Wang က ရှေ့ကသွားပေမယ့် ယောကျ်ားကအနောက်က လိုက်လာတာမတွေ့ရဘူး။ အဲ့ဒါနဲ့ သူမလည်း နောက်ပြန်လှည်ပြီး သူမယောကျ်ားကိုပြန်လိုက်ရှာခဲ့တယ်။


လှေကားအတက်ဆင်းမှာ ပြန်တွေ့ပြီး မီးလောင်နေတဲ့ တိုက်ခန်းကနေ နှစ်ယောက်သား အတူတူရုန်းထွက်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ လက် ၊ ခြေထောက်နဲ့ ခေါင်း တို့ပဲ မီးလောင်ဒဏ်ရာတွေကိုခံစားခဲ့ရတယ်။ ဒေသခံဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ သူတို့စုံတွဲကတော့ အင်တာနက်မှာ နာမည်ကြီးနေပါပြီ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*