
ဆိုက်ဘေးရီးယားဆိုတာ ကမ္ဘာပေါ်မှာ လူနေအကျဲအပါးဆုံး ပြည်နယ်ဖြစ်ပါတယ်။ ရုရှားက ပိုင်ဆိုင်တာပါ။ လူနေကျဲပါးရခြင်းရဲ့ အဓိကအချက်ကတော့ ရာသီဥတုက (၁၂)ရာသီမပြတ် ရေခဲတွေနှင်းတွေနဲ့ ဖုံးလွှမ်းနေလို့ လုပ်ကိုင်စိုက်ပျိုး စားသောက်ဖို့ ခက်ခဲတာရယ်၊ တစ်နှစ် ပျမ်းမျှအပူချိန်က ရေခဲမှတ်အောက် (-၂၅)ဒီဂရီစင်တီဂရိတ်သာ-
(၁) မိသားစုကို လူသူတွေနဲ့ဝေးရာ ခေါ်ဆောင်လာသည့် အိမ်ထောင်ဦးစီး Karp Lykov ရှိခြင်းကြောင့် ဘယ်သူပဲဖြစ်ဖြစ် ရေရှည်နေထိုင်ဖို့ မလွယ်ကူတာရယ်စတဲ့ အချက်တွေကြောင့်လဲ ပါဝင်ပါတယ်။ ဒီဒေသမှာနေထိုင်တဲ့ သူတွေက မရှိဘူးလားဆိုတော့ ရှိပါတယ်။ စောစောက ပြောခဲ့သလို ပြည်နယ်အနှံ့မှာ ကျဲပါးစွာ နေထိုင်ကြခြင်းကြောင့် တချို့သော အဆက်အသွယ်တွေနဲ့ အလှမ်းဝေးလွန်းတဲ့ လူမျိုးစုတွေ၊
(၂) သူတို့မိသားစု နေထိုင်ခဲ့ရာ တဲအိမ်လေး
လူနည်းစုတွေဟာ ဒုတိယကမ္ဘာစစ်ဖြစ်တာကိုတောင် မသိတဲ့သူတွေ၊ ရုပ်မြင်သံကြားစက်တွေ၊ ရေဒီယိုတွေ ပေါ်ပေါက်နေတာကိုတောင် မသိတဲ့သူတွေ မြောက်များစွာ ရှိပါတယ်။ သူတို့တစ်တွေဟာ များသောအားဖြင့်တော့ သစ်ဥသစ်ဖုနဲ့ အမဲလိုက်၊ ရေခဲကန်တွေဆီကနေ ငါးဖမ်းစားသောက်ရင်း ဘဝကို ဖြတ်သန်းကြပါတယ်။
(၃) တောတောင်ထဲမှာ နေရပေမယ့် တစ်သွေးတစ်မွေး လှနေသည့် သမီးကြီးနှစ်ယောက် (သားသမီး (၄)ဦးအထိ ရှိခဲ့သည်)
စီးပွားရေးလုပ်တာတွေ မရှိပါဘူး။ သူတို့တစ်တွေရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာဟာ အစားအစာ အစုံအလင်ရရှိဖို့နဲ့ နှင်းထူထူချိန်မှာ အပြင်မထွက်ဘဲ နွေးနွေးထွေးထွေး နေရဖို့သာ ဖြစ်ပါတယ်။ အခု ဖော်ပြမယ့် မိသားစုကလည်း ဒုတိယကမ္ဘာစစ်အကြောင်း မသိသလို၊ လကမ္ဘာပေါ်ကို လူတွေရောက်တဲ့ အကြောင်းလည်း
(၄) သမ္မာကျမ်းစာအုတ်ကို အားကိုးပြီး စာရေးစာဖတ် သင်ခဲ့ကြရပါတယ်
မကြားခဲ့ဖူးပါဘူး။ ဒီဓာတ်ပုံတွေက ဘယ်လိုကဘယ်လို ရလာတာလဲဆိုတော့ စစ်ကြီးပြီးလို့ နှစ်အတော်ကြာမှ၊ တိတိကျကျပြောရရင် (၁၉၇၈)ဝန်းကျင်ကမှ ဆိုဗီယက်သိပ္ပံပညာရှင်တွေက သူတို့ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီအချိန်မှာ ရိုက်ယူထားတဲ့ မှတ်တမ်းပုံတွေ ဖြစ်ပါတယ်။ ကဲ ပုံတွေကြည့်ပြီး သူတို့မိသားစုအကြောင်း လေ့လာရအောင်။
(၅) (၁၉၇၈)ခုနှစ်မှာ ဆိုဗီယက်သိပ္ပံပညာရှင်များနှင့် Lykov မိသားစု
(၆) Lykovs မိသားစုဟာ လကမ္ဘာကို လူတွေရောက်တယ်ဆိုတဲ့ သတင်းကိုလည်း မသိသလို၊ ရေဒီယို၊ တီဗွီ၊ ဓာတ်စက်တွေအကြောင်းလည်း မသိကြပါဘူး။
(၇) (၁၉၈၁)ခုနှစ်မှာ Lykov ရဲ့ ကလေး(၄)ဦးအနက် (၃)ဦးမှာ အဆုပ်ရောင်ရောဂါ ကျောက်ကပ်ရောဂါများဖြင့် ကွယ်လွန်ခဲ့သည်
(၈) Agafia Lykov ကတော့ Lykov မိသားစုမှာ တစ်ဦးတည်းသော ကျန်ရစ်သည့် မျိုးဆက်ဖြစ်သည်။ သူမဟာ (၁၉၄၄)ခုနှစ် ဧပြီလမှာ မွေးဖွားခဲ့ပြီး၊ အခုဆို အသက်(၇၆)နှစ် ရှိနေပါပြီ။
Leave a Reply