သားရဲတွင်းထဲက ဝံပုလွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးပြီး အချစ်ပိုနေကြတဲ့ မိသားစု

လူ့သမိုင်းတစ်လျှောက်မှာ ဝံပုလွေတွေနဲ့ ပတ်သက်ပြီး သိရှိထားတဲ့ အယူအဆတွေဟာ လိုရာဆွဲတွေးထားတဲ့အတွေးတွေသာ များပါတယ်။ ဝံပုလွေတွေဟာ လူတွေအတွက် အန ္တရာယ်ရှိတယ်၊ လူတွေမွေးထားတဲ့ ကျွဲ၊ နွား၊ သိုးအုပ်တွေကို ဖျက်ဆီးတတ်တဲ့ သတ္တဝါတွေလို့ သာ သိကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုရှေးရိုးစွဲ အယူအဆတွေကို တွန်းလှန်ထားတဲ့ ဖြစ်ရပ်တွေလည်း ရှိနေသေးတာကို brightside ကနေတဆင့် တွေ့ရပါတယ်။


ရုရှားမိသားစုတစ်စုက ထူးထူးဆန်းဆန်း ဝံပုလွေတစ်ကောင်ကို အိ်မ်မွေးတိရစ္ဆာန်အနေနဲ့ မွေးထားပါတယ်။ (၂၀၁၇) ခုနှစ်တုန်းက ရုရှားက လယ်သမားတွေဟာ ဝံပုလွေသားရဲတွင်းတစ်တွင်းကို သွားတွေ့ပါတယ်။ သားရဲတွင်းထဲမှာ ဝံပုလွေပေါက်လေးတွေလည်း ရှိနေပါတယ်။ သူတို့ကို သတ်ပစ်ဖို့လုပ်တုန်း ဝံပုလွေပေါက်လေးတစ်ကောင်ကို အနှိပ်သည်တစ်ဦးက အိမ်မှာမွေးဖို့ဆိုပြီး ခေါ်လာပါတယ်။

သူက အသက် (၄၆) နှစ်အရွယ် အိုင်ဗန်ပဲ ဖြစ်ပါတယ်။


အိုင်ဗန်ဟာ ဝံပုလွေလေးကို အိမ်ခေါ်လာတုန်းက ဝံပုလွေလေးဟာ (၃-၄) ပတ်သားလောက်ပဲ ရှိပါသေးတယ်။ ဝံပုလွေလေးကိုတော့ ဆာယီ ၊ ရုရှားအခေါ် မီးခိုးရောင်ဆိုပြီး အမည်ပေးထားပါတယ်။ ဝံပုလွေသားရဲတွင်းမှာ ဝံပုလွေပေါက် (၆) ကောင်ရှိတဲ့အထဲ ဆာယီဟာ တစ်ကောင်တည်းသော အသက်ရှင်ကျန်ခဲ့တဲ့ ဝံပုလွေလေး ဖြစ်ပါတယ်။


ဆာယီကို အိုင်ဗန်နဲ့အတူ ထိန်းကျောင်းပေးသူကတော့ အိုင်ဗန်ရဲ့ သမီးဖြစ်သူ အဲလက်ဇန်းဒရားပဲ ဖြစ်ပါတယ်။ အခုဆိုရင် အဲလက်ဇန်းဒရားဟာ အသက် (၁၉) နှစ် ရှိနေပါပြီ။ ဆာယီကတော့ လက်ရှိမှာ အသက် (၂) နှစ်ခွဲ ရှိနေပါပြီ။ ဆာယီက ရာသီဥတု ပူပူအေးအေး၊ လမ်းလျှောက်ထွက်ဖို့ လိုပါတယ်။ ဒီအတွက်ကြောင့် အိမ်မှာ ဝံပုလွေမွေးရတာ တော်တော်လေးတော့ အလုပ်ရှုပ်ပါတယ်လို့ အိုင်ဗန်က ဆိုပါတယ်။ ဆာယီကို ကျွေးမွေးပြုစုစောင့်ရှောက်ဖို့က အချိန်အများကြီး ပေးရပါတယ်။

ဝံပုလွေတွေကို ရက်စက် ကြမ်းကြုတ်တဲ့သတ္တဝါတွေအဖြစ် သတ်မှတ်ထားကြပေမယ့် သူ့ရဲ့ဝံပုလွေက တကယ်တော့ ခွေးတစ်ကောင်နဲ့ မခြားပါဘူးလို့တော့ အိုင်ဗန်က ဆိုပါတယ်။ ဆာယီက ကြောက်တတ်ပါတယ်။ လမ်းကျယ်ကြီးတွေကို ဖြတ်ကူးရတာမျိုး၊ ဥပမာ သေတ္တာလို လူတစ်ယောက်ကောင်းကောင်းဝင်ဆန့်ပြီး ပုန်းလို့ရတဲ့ အရာဝတ္ထုမျိုးတွေကို တွေ့ရင် သူက ကြောက်ပါတယ်။

ဆာယီနဲ့ လမ်းလျှောက်ထွက်တဲ့အခါမှာ အိုင်ဗန်ဟာ ဒီတိုင်းပဲ သိုင်းကြိုးတပ် ခေါ်သွားတာဖြစ်ပြီး ပါးစပ်မှာ အစွပ်တွေဘာတွေလည်း စွပ်ပေးထားတာမျိုး မရှိပါဘူး။ ဆာယီက နေ့တိုင်း အသား သို့မဟုတ် ကြက်သား (၁.၂) ကီလိုလောက် စားပါတယ်။ သစ်သီးနဲ့ ဘယ်ရီသီးတွေဆိုလည်း မငြင်းသလို ကွတ်ကီး၊ အစေ့အဆံနဲ့ ပျားရည်တွေကိုလည်း ဆာယီက နှစ်သက်တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*