ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်တယ်…..

ဝေးလံခေါင်သီတဲ့ ဒေသကနေ ဘုရားလာဖူးတဲ့ အဘွားတွေကို လူငယ်တစ်ယောက် ဓာတ်ပုံရိုက်ပြီး မစူးစမ်းမဆင်ခြင်ဘဲ Onlineပေါ် တင်လိုက်တယ်…..

သူတင်လိုက်တဲ့ပုံက ခဏအတွင်းမှာပဲ ပြန့်သွားပြီး တစ်ချို့က လှောင်ကြ တစ်ချို့က မလှောင်သင့်ကြောင်းပြောကြတာပေါ့။

ဒါကို အဲ့ဒီလူငယ်က မသိသေးပါဘူး… အဲ့ဒီနောက် အဘွားတွေရှိရာကို သွားပြီး အဘွားတစ်ယောက်ကို သွားမေးတယ်…….

လူငယ် > ဘွားဘွား တစ်ခုလောက်မေးပါရစေ?

ဘွား၂> ရပါတယ်… မေးပါ သား….

လူငယ် > ဘွားဘွားတို့က ဘုရားဖူးလာတာဆိုရင် ဘာဖြစ်လို့ ဝတ်ကောင်းစားလှ ဝတ်ပြီး မလာကြတာလဲ..?

သားတို့ မြို့ကြီးက လူတော်တော်များများက ဘုရားဖူး သွားကြရင် ဝတ်ကောင်းစားလှတွေ ဝတ်ကြတယ်…။

ဘွား၂> ဒီလိုကွဲ့သား…အဘွားတို့က ဘုရားကို ဖူးဖို့ပဲလာတာ.ဘုရားဖူးဖို့. ဝတ်ကောင်းစားလှတွေဝတ်မှ ဖူးရမယ်လို့ ဘုရားကဟောလို့လား အဓိကက စိတ်ပဲသားရဲ့….

ဘွား၂> အဘွားတို့. ဖိနပ်ကို ခါးကြားညှပ်လို့. သားက လှောင်ရယ်ချင် ရယ်နေလိမ့်မယ်…

ဒါက သားတို့မြို့ပြက လူတွေကို မယုံလို့လည်း မဟုတ်ပါဘူး….ဖိနပ်ပျောက်မှာ ကြောက်လို့လည်း မဟုတ်ပါဘူးသား…

ဘွား၂> ကိုယ့်ဖိနပ်တွေကို ကိုယ်နဲ့တပါးတည်းယူသွားတော့ အပ်ခမကုန်တော့ဘူး….လူတွေများတဲ့ ဘုရားပေါ်မှာ ဖိနပ်တွေလည်းများမှာလေ…

အဲ့ဒီအခါ တိုးဝှေ့လိုက်ရှာစရာမလိုတဲ့အတွက် အချိန်မကုန်တော့ဘူး..လိုရာခရီးကို မြန်မြန်သွားနိုင်တာပေါ့ သား…။

လူငယ် > ဟုတ်ကဲ့ ဘွားဘွား။ လူတွေ ဝိုင်းကြည့်ပြီးရယ်တော့ ဘွားဘွားတို့ ရှက်လား… ?

ဘွား၂> မရှက်ပါဘူးသားရဲ့..သူများပစ္စည်းကို အဘွားတို့ခိုးပြီး ယူလာတာမှ မဟုတ်တာ…

လူငယ် > ဟုတ် ဘွားဘွား ။ ဘွားဘွားတို့ဆီမှာလည်း အဲ့လိုပဲနေကြတာလား…?

ဘွား၂>ဟုတ်တယ် သား…။ အဘွားတို့ဆီမှာက. ဝတ်ကောင်းစားလှ ဝတ်ပြီး စိတ်ဓာတ်မကောင်းတဲ့သူတွေကို အထင်မကြီးကြဘူး…

ဆင်းရဲပေမဲ့ စိတ်ထားကောင်းတဲ့သူတွေကိုပဲ အဘွားတို့ အထင်ကြီးတယ်။

အဲ့ဒါကြောင့် သား လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မလှောင်ပါနဲ့လို့. အဘွားမှာချင်တယ်။

ရာဟုလာ ႏွလုံးသား

Be the first to comment

Leave a Reply

Your email address will not be published.


*