နှစ်နှစ်ကာကာ ချစ်ရမ ယ့် သူမ ရှိ လို့၊ အပျိုစင် ဘဝ ကို လေလံတ င်ဖို့ ဆုံးဖြတ် ခဲ့တဲ့ ကောင်မလေး

အသက်(၂၇)နှစ်သာရှိသေးတဲ့ အမျိုးသမီးငယ် တစ်ယောက်ဟာ သူမအနေနဲ့ ကာလအတိုင်းအတာ တစ်ခုအထိ အချိန်ပေးပြီး ချစ်သူရည်းစား ရှာခဲ့ ပေမယ့်၊ ဘယ်လိုမှ စိတ်ကြိုက် မတွေ့ခဲ့ပါဘူးတဲ့။ ဒီတော့ သူမဟာ အပျိုစင်ဘဝကို လေလံတင်ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ သူမရဲ့နာမည်ကေ တာ့ Gia Kourtney ဖြစ်ပါတယ်။

Gia ဟာ ကမ္ဘာကျော်အပျိုစင်ပွဲ စားလုပ်ငန်းဖြစ်တဲ့ Cinderella Escorts နဲ့ချိတ်ဆက်ကာ အပျိုစင်ဘဝကို ရောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ တစ်ညတာအပျော်အတွက် ဈေးအမြင့်ဆုံးပေးမယ့် သူဌေးတစ်ယောက်ကို သူမက ရွေးချယ်ပြီး အပျိုစင်ဘဝကို အပ်နှင်း သွားမယ်လို့ ဆိုပါတယ်။ လေလံကြမ်းခင်းဈေးကတော့ ပေါင်(၉)သောင်း ဖြစ်ပါတယ်။ကြမ်းခင်းဈေး ထက် ဈေးအပိုပြိုင်ပေးတဲ့လူတစ်ယောက်ကို သူမက ရွေးချယ်မှာပါ။ လက်တလောမှာ အပျိုစင်ဘဝကို လေလံ တင်ရောင်းချသူတွေဟာ အရေအတွက်အားဖြင့် များပြားလာခဲ့ပြီဖြစ်ပြီး၊ ဒီကိစ္စကို သင့်တယ်/မသင့်ဘူးဆိုပြီး ဝေဖန်ပိုင်းခြားနေသူတွေ နှစ်မျိုးနှစ်စား ရှိနေပါတယ်။ ပထမတစ်မျိုးကေ တာ့ အနာဂတ်မှာ အမျိုးသမီးငယ်တွေဟာ ငွေရလွယ်တဲ့ ဒီနည်းကို ဖြတ်လမ်းလိုက်မှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒီနည်းကို ထောက်ခံ သူတွေကတော့ မိမိနဲ့ ပထမဆုံးအိပ်တဲ့လူဟာ မိမိရဲ့ အိမ်ထောင်ဘက်ဖြစ်လာဖို့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကလည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပျိုစင်ဘဝကို အကျိုးမဲ့ဆုံးရှုံးစေတာထက်စာရင် မြိုးမြိုးမြတ်မြတ် ရမယ်ဆိုပါက ဒီနည်းက သင့်တော်တယ်ဆိုပြီး ထောက်ခံသူတွေလည်း ရှိပါတယ်။ အမြင်ကတော့ အမျိုးမျိုး ကွဲနေကြ တာ ပါ။

Gia က အမေရိကန် နယူးယောက်ခ် မှာ နေထိုင်ပါတယ်။ သူမဟာ ဘာသာရေးတင်းကျပ်တဲ့ အဝန်းအဝိုင်း မှာ နေထိုင်ခဲ့ရလို့ အခုအချိန်ထိ အပျိုစင်ဘဝကို မြတ်မြတ်နိုးနိုး သိမ်းထားတယ်လို့ အာမခံထားပါတယ်။ Cinderella Escorts ဆိုတာကလည်း တော်ရုံ အမျိုးသမီးကို အပျိုစင်အဖြစ် လေလံတင်ဖို့ လက်ခံတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ ပါသင့်ပါထိုက်တဲ့ စစ်ဆေးမှုတွေ၊ ထောက်ခံစာတွေ တင်ပြရသေးတယ်လို့ သိရပါတယ်။

အပျိုစင်တွေကို လေလံဈေးပေးသူတွေထဲမှာ နာမည်ကြီး ဘောလုံးသမားတွေ၊ သန်းကြွယ်သူဌေးကြီးတွေ၊ နိုင်ငံရေးလောကမှာ သြဇာတိက္ကမကြီးသူတွေက ပါဝင်ပတ်သက်လေ့ရှိတယ်လို့ ဆိုပါတယ်။ Cinderella Escorts က ကမ်းလှမ်းတဲ့ ငွေပမာဏရဲ့ (၂၀)%ကို အကျိုးဆောင်ခအဖြစ် ရယူတယ်လို့ သိရပါတယ်။ အခုလို လုပ်ရပ်ဟာ အားပေးထောက်ခံသူတွေ ရှိနေပေမယ့် လူငယ်တွေ အတုယူမှားနိုင်တဲ့အတွက် အစိုးရက တားဆီးဖို့လိုအပ်တယ်လို့ ဝေဖန်မှုတွေလည်း ညံနေခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*