
တကယ်တော့ သူမဟာ အသက်၅ဝအရွယ်ရှိသူအမျိုးသမီးတစ်ယောက်ဖြစ်ပြီး အံ့ဖွယ်ကောင်းလှတဲ့သူမရဲ့ နုပျိုမှုလျိှု့ဝှက်ချက်ကိုလည်း မျှဝေခဲ့ပါသေးတယ်။
အသက်၅ဝအရွယ်ရှိ Liu Yelin အမည်ရ တရုတ်အမျိုးသမီးဟာ သူမရဲ့ အသက်၂၂အရွယ် သားအရင်းဖြစ်သူနဲ့ အပြင်သွားတိုင်း သမီးရည်းစားစုံတွဲလို့ အထင်ခံနေရတော့တာပါပဲ။
သူမဟာ တကယ်ပဲ အသက်၅ဝအရွယ်ရှိပြီဖြစ်ပြီး သူမရဲ့အနီးအနားပတ်ဝန်းကျင်ကလူတွေဟာ သူမရဲ့နုပျိုမှုလျိှု့ဝှက်ချက်ကို ပြောပြဖို့ မကြာခဏတောင်းဆိုခံရသူပါ။
သူမရဲ့လျိှု့ဝှက်ချက်ကတော့ အားကစားလုပ်တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုလောက်ကတည်းက သူမဟာနေ့တိုင်းရေကူးတာနဲ့ ကြွက်သား၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာအားကစားကို နေ့တိုင်းပုံမှန်လုပ်ခဲ့ပြီး ရေကူးတာကို အထူးနှစ်သက်သူဖြစ်တယ်လို့သိရပါတယ်။
သူမဟာ တရုတ်နဲ့တောင်ကိုရီးယားမှာရှိတဲ့ မြစ်နှစ်ခုကိုအောင်မြင်စွာ ဖြတ်ကူးနိုင်ခံသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာတော့ မလေးရှား မလက္ကာရေလက်ကြားမှ ၇.၄၅မိုင်အကွာအဝေးကို ၄နာရီအတွင်းဖြတ်ကူးပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Leave a Reply