ချစ်ရတဲ့ကောင်လေးကိုပိုင်ဆိုင်ရဖို့ သူ့ရဲ့ချစ်သူကို မလေးရှားငွေ ၁ သန်းကျော်ပေးပြီး လမ်းခွဲခိုင်းခဲ့တဲ့ မိန်းမလှလေး

ချစ်ရတဲ့ကောင်လေးကိုပိုင်ဆိုင်ရဖို့ သူ့ရဲ့ချစ်သူကို မလေးရှားငွေ ၁ သန်းကျော်ပေးပြီး လမ်းခွဲခိုင်းခဲ့တဲ့ မိန်းမလှလေး

အချစ်ဆိုတာက ချိုမြိန်တယ်ဆိုပေမယ့် အရမ်းအစွန်းရောက်သွားတဲ့အခါမှာတော့ ခါးသက်လာကြပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်ကြတဲ့အခါမျိုးမှာတော့ ဒီအချစ်ဟာ ချိုမြိန်နေပေမယ့် ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်ကို အတင်းလိုက်ချစ်နေမယ်ဆိုရင်တော့ ဒါဟာ တဖြေးဖြေးနာကျင်မှုတွေကို ခံစားရလာစေနိုင်တဲ့လမ်းစတစ်ခုပါပဲ။

ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်ကို ချစ်နေမိပြီဆိုရင်တော့ ပိုပြီးတော့တောင် နာကျင်ရနိုင်ပါသေးတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံက Joyce Lee ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာဆိုရင်တော့ ပိုင်ရှင်ရှိပြီးသားကောင်လေးတစ်ယောက်ကို ချစ်မိရာကနေ မလုပ်သင့်တဲ့လုပ်ရပ်လေးတွေတောင်လုပ်မိခဲ့ပါတယ်။

Joyce Leeကတော့ သူတစ်ဖက်သတ်ချစ်နေတဲ့ကောင်လေးကို ဖေ့ဘွတ်ကနေ ဖုန်းခေါ်တာတွေ မက်ဆေ့ပို့တာတွေ စာပို့တာတွေအမြဲပြုလုပ်ပေမယ့် သူမရဲ့ crush ကောင်လေးကတော့ သူ့မှာချစ်သူရှိပြီးသားဖြစ်တဲ့အတွက် Joyce Lee ကို ဖေ့ဘွတ်ကနေ block ပစ်တာတွေ တခြားသူမဆက်သွယ်လာတဲ့အရာတွေအားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။ဒါပေမယ့် အချစ်ကြီးလှတဲ့ Joyce ကတော့ သူမကိုဘယ်လိုပဲအဆက်အသွယ်အသွယ်တွေဖြတ်ဖြတ် အကောင့်တုတွေထပ်ဖွင့်ပြီး အကြိမ်ကြိမ်ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။

ကောင်လေးကလည်း သည်းမခံနိုင်တဲ့အဆုံးမှာ ငါ့မှာချစ်သူရှိတယ် ၊ နင်ဒီလိုလုပ်နေရာတွေက စက်ဆုပ်စရာကောင်းတယ် ၊ ငါ့ကိုထပ်ပြီး မဆက်သွယ်ပါနဲ့လို့ပြောခဲ့ပေမယ့် Joyce ကတော့ ရှင်ကျွန်မကို လူမှုကွန်ယက်တွေမှာ ဘယ်လိုပဲဘလော့နေပါစေ အဆက်အသွယ်ဖြတ်နေပါစေ ကျွန်မကတော့ မမှုပါဘူး ၊ အကောင့်သစ်တွေဖွင့်ပြီး ရှင့်ဆီအမြဲဆက်သွယ်နေမှာပါပဲ လို့ပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အချစ်စိတ်တွေမွှန်နေတဲ့ Joyce ဟာ ချစ်တဲ့သူကိုပိုင်ဆိုင်လိုတဲ့အတွက် သူရဲ့ crush ကောင်လေးရဲ့ရည်းစားကို မလေးရှားငွေ ၁ သန်းကျော်ပေးပြီး လမ်းခွဲပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်သွားသလဲဆိုတာ သေချာမသိရပေမယ့် လူအများကြားတော်တော်လေးဟော့ဖြစ်သွားတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်လို့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*