ဈေးလာဝယ်ရင်း ပါးစပ်သရမ်းတဲ့ အမျိုးသားကို အရောင်းစာရေးမလေးရဲ. တုံ့ပြန်ပုံ

တရုတ်နိုင်ငံမှာ Yang လို့ခေါ်တဲ့ အရောင်းစာရေးမလေးတစ်ယောက် ယောကျ်ားတစ်ယောက်ရဲ့စနောက်ခြင်းကို ခံခဲ့ရပါတယ်။ သူမတို့ဆိုင်က ယောကျ်ား ၊ မိန်းမဝတ် ဖိနပ်အရောင်းဆိုင်ဖြစ်ပါတယ်။

အရင်နေ့တွေက ဝယ်သွားပြီး နောက်နေ့မှ ဖိနပ်ဝတ်ရတာ အဆင်မပြေဘူးဆိုပြီး ပြန်လာလဲပါတယ်။ လာလဲသူက ယောကျ်ားတစ်ယောက်ပါ။ ” အလှလေး..ဖိနပ်ဝတ်ရတာ အဆင်မပြေဘူး…မတော်လို့ ပြန်လဲပေးပါ ” လို့ ပြောတယ်။ ဖိနပ်ပြန်လဲပေးဆို ရပြီပေါ့နော်။ အလှလေး လို့ခေါ်စရာအကြောင်းမရှိပါဘူး။ အဲ့ဒါနဲ့ Yang လည်း စိတ်တိုသွားပြီး ဘာလို့ အလှလေးလို့ခေါ်တာလဲ လို့ မေးပြီး သူ့လက်ကို လိမ်လိုက်ပါတော့တယ်။

တာဝန်ရှိသူများက ဒီကိစ္စကိုဖြေရှင်းတော့ အဲ့ဒီလူကိုစစ်ဆေးမေးမြန်းတဲ့အခါ သူတကယ်ပဲကောင်မလေးကို အီစီကလီစိတ်နဲ့ ခေါ်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ သူမရဲ့တုံ့ပြန်မှုနဲ့ အပြစ်ပေးမှုကို အင်တာနက်သုံးစွဲသူများကလည်း သဘောာကျနေကြပါတယ်။ Yang က မိန်းကလေးတွေအနေနဲ့ ဒီလိုပါးစပ်နဲ့ စော်ကားလာသူတွေကို ရှက်မနေပဲ ချက်ချင်းလက်တုံ့ပြန်သင့်ကြောင်း ပြောပြလာပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*