
ဗြိတိန်နို်င်ငံက စုံတွဲတစ်တွဲဟာ ပေါင်(၆၀၀)နီးပါး အတူတူ ကိုယ်အလေးချိန် လျော့ချပြီးနောက် လက်ထပ်ထိမ်းမြားတော့မှာ ဖြစ်တယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။ Ronnie Brower ဆိုသူ အမျိုးသားဟာ သူ့ရဲ့ (၄)နှစ်တာ ကိုယ်အလေးချိန် လျော့ချတဲ့ အစီအစဉ်အတွင်း ကိုယ်အလေးချိန် (၄၅၈)ပေါင် လျော့ချနိုင်ပါတယ်။
သူ့ရဲ့ အံ့အားသင့်ဖွယ် ကိုယ်အလေးချိန် လျော့ချမှုနဲ့ ပတ်သက်ပြီး ဖေ့ဘွတ်မှာ ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အားကစားခန်းမမှာ လာရောက်ကိုယ်အလေးချိန်လျော့ချတဲ့ Andrea Masella နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့(၂)ဦးဟာ နှစ်ယောက်ပေါင်း ကိုယ်အလေးချိန် (၅၇၈)ပေါင် လျော့ချနိုင်ခဲ့တာဖြစ်ပြီး နယူးယောက်မြို့မှာ မကြာခင် လက်ထပ်တော့မှာ ဖြစ်ပါတယ်။
သူတို့(၂)ဦးဟာ တစ်ဦးနဲ့ တစ်ဦး ထောက်ပံ့ကူညီပေးပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝထူထောင်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
Leave a Reply