ချစ်သူနဲ့လက်ထပ်ဖို့လုံးဝသဘောမတူခဲ့တဲ့ဖခင်ကို ရအောင်သိမ်းသွင်းနိုင်ခဲ့တဲ့နည်းလမ်းကို ဝေမျှခဲ့တဲ့အမျိုးသား

ဒီအမျိုးသားကတော့ သူ၏ international relationship အတွေ့အကြုံကို Subtle Asian Traits ဟုခေါ်သော Facebook group မှာဝေမျှခဲ့တဲ့အတွက် လူအများ၏စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ် ။ Clarence Tan အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ဟောင်ကောင်သွေးတစ်ဝက် ၊ စင်ကာပူသွေးတစ်ဝက်ရောနောခဲ့တဲ့ ကပြားတစ်ယောက်ဖြစ်ပြီး USA မှာအခြေ ချနေထိုင်နေသူလည်းဖြစ်ပါတယ် ။ သူမကြာသေးခင်ကလက်ထပ်ခဲ့တဲ့ ချစ်သူကောင်မလေးကတော့ Edna ဖြစ်ပြီး အာဖရိကအနောက်ပိုင်းက Ghanaနိုင်ငံသူလေးဖြစ်ပါတယ် ။Clarence ၏ပြောပြချက်အရ ” စိတ်ကူးကြည့်ပါ ၊

အသားမဲတဲ့ အာဖရိကအမျိုးသမီးနဲ့ တွဲခုတ်နေတာကို ဘယ်တရုတ်၊အာရှ ယဉ်ကျေးမှုကမှ နွေးနွေးထွေးထွေးကြိုဆိုတာမျိုးမရှိခဲ့ပါဘူး ။ပြီးတော့ ပိုပြီးသေချာတာက ကျွန်တော် Edna နဲ့တွဲစတုန်းက မိဘတွေဆီကကန်ထုတ်တာခံခဲ့ရတယ် ၊ အထူးသဖြင့် အဖေဆီကပေါ့ ‘ ဆိုပြီးပြောပြထားပါတယ် ။ထို့အပြင် သူ၏ဖခင်ရဲ့ထင်မြင်ချက်ကိုလည်း ” ကျွန်တော့်အဖေက အဖေကောင်းတစ်ယောက်ပါ ပြီးတော့ ကျွန်တော်သူ့ကို တော်တော်လေး လေးစားတယ် ၊ သူကအလုပ်ကိုအတော်လေး ကြိုးစားတယ်ဗျ ၊ ကျွန်တော်တို့ကိုထောက်ပံ့ပေးဖို့လည်း အတော်လေးအနစ်နာခံခဲ့တယ် ၊ ပြီးတော့ မိသားစုကိုရှေ့တန်းတင်ထားတယ် ၊ ကျွန်တော်ဒီနေ့အချိန်ထိ ရောက်လာရခြင်းကလည်း အဖေ့ကိုကြည့်ပြီးအတုယူခဲ့လို့ပါ ၊ အဲ့ကြောင့် အဖေက Edna နဲ့သဘောမတူတော့ ကျွန်တော်အတော်လေးကို စိတ်ပျက်ခဲ့ရပါတယ် ” ဆိုပြီးပြောပြထားပါသေးတယ် ။

ဖခင်ဖြစ်သူ Edna နဲ့သဘောမတူတဲ့အချက်တွေကတော့ ယဉ်ကျေးမှုမတူညီဘဲလက်ထပ်ရင် အခက်အခဲများစွာတွေ့တတ်ခြင်း နှင့် Clarence ကအာရှသို့ပြန်လာခဲ့ရင်လည်း စီးပွားရေးနဲ့ပက်သက်ပြီး အခက်အခဲရင်ဆိုင်ရနိုင်တဲ့အတွက်ကြောင့် သဘောမတူခဲ့ရခြင်းဖြစ်ပါတယ် ။ ထို့အပြင်ဖခင်က Clarence ရဲရွေးချယ်မှုသာဖြစ်ပြီး Edna နဲ့လက်ထပ်မယ်ဆိုရင်တော့ သူ့ဆီက သဘောတူမှုကိုရမှာမဟုတ်ကြောင်း နှင့် မင်္ဂလာပွဲကိုလည်း တက်ရောက်မှာ မဟုတ်ကြောင်းဖခင်ဖြစ်သူက ပျက်ပျက်သားသားပြောဆိုခဲ့ပါတယ် ။

ထိုအချိန်ကစပြီး Clarence ကသူ၏ အစီအစဉ်တွေကိုစတင် အကောင်အထည်ဖော်ခဲ့ပါတော့တယ် ။ အဲတာကတော့ ” ကျွန်တော်သူမကို အခုကော အရင်တုန်းကကော အမြဲအိမ်ကိုခေါ်သွားခဲ့ပါတယ် ။ ကျွန်တော်တို့နှစ်ယောက်အတွက်ကတော့ စိန်ခေါ်မှုတစ်ခုပါပဲ ။ အထူးသဖြင့် အဖေပါပဲ ။ အဖေကလည်း အမြင်စိမ်းနေတုန်ပါပဲ ၊ သဘောမတူနိုင်တဲ့ သူမကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ခဲ့ပေမဲ့လည်း အသိအမှတ်မပြုခဲ့ပါဘူး ။ တစ်ချိန်တည်းမှာပဲ Edna ကလည်း

သူမကိုမကြိုဆိုခဲ့ကြတဲ့အတွက် မခံမရပ်နိုင်အောင်ဖြစ်ခဲ့ပါတယ် ” ။ ထို့ကြောင့် Clarence ကသူမကို အိမ်သို့အလည်သွားဖို့တွန်းအားပေးတိုင်း ရန်ဖြစ်ခဲ့ကြရပြီး အချို့အကြိမ်တွေမှာဆိုရင် သူ၏မိဘများက ဖိတ်ခိုင်းလို့ပါဆိုပြီး လိမ်ပြောခဲ့ရပါတယ် ။တဖြည်းဖြည်းကြာလာတော့ သူမရဲ့အရည်အချင်းတွေ ၊ သဘောထားကြီးမှုတွေ ၊ ဂရုစိုက်မှုတွေ၊ စဉ်းစားဆင်ခြင်တတ်မှုတွေ နဲ့ ယဉ်ကျေးတဲ့သူမရဲ့အပြုအမှုတွေကြောင့် Clarence ရဲ့မိဘတွေက သူမကိုနွေးနွေးထွေးထွေး ကြိုဆိုလာခဲ့ကြပါတယ် ။

“မိဘတွေက သူမကိုလေ့လာမိခဲ့ကြတယ် ၊ သူမ အားနေတဲ့အချိန်တွေမှာဆိုရင် ကျွန်တော်တည်ထောင်နေတဲ့ကုမ္ပဏီအတွက် အလုပ်လုပ်ပေးတယ် (အခုတော့ ကျွန်တော်တို့ ကုမ္ပဏီပေါ့ဗျာ) ၊ ပြီးတော့ အဲ့အချိန်တုန်က ငွေရေးကြေးရေးတွေလည်း သူမကထောက်ပံ့ပေးခဲ့တယ် ၊ ကျွန်တော်ရှက်လို့အဲ့အကြောင်းတွေ မပြောခဲ့ပေမဲ့လည်း နောက်ပိုင်းကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့အားနည်းချက်ကို သိသွားခဲ့ကြတယ် ” ဆိုပြီးပြောပြခဲ့ပါတယ် ။ ညစာအတူတူစားကြရင်း ၊ စကားစမြည်းတွေပြောကြရင်နဲ့ နောက်ပိုင်းသူတို့တွေက Edna ရဲ့ရိုးသားမှုကို သိရှိသွားခဲ့ကြပြီး နောက်ပိုင်းကျွန်တော်တို့ကို လုံးဝသဘောတူခဲ့ကြပါတယ် ။

“ကျွန်တော်တို့ ချစ်သူသက်တမ်း 3နှစ်ကြာပြီးနောက်မှာတော့ ကျွန်တော့်ရဲ့မိသားစုတွေဆီက ထောက်ခံမှုကိုအပြည့်အဝရခဲ့ပါတယ် ။ အထူးသဖြင့် အဖေ့ဆီကပေါ့ ၊ ကျွန်တော့်မင်္ဂလာပွဲမှာ အဖေအဲ့လောက်ပျော်နေတာကိုတစ်ခါးမှမမြင်ဖူးဘူး ၊ Ednaက ‘Daddy,yum cha ‘လို့ပြောလိုက်တဲ့အချိန်မှာ အဖေအတော်လေးပြုံးသွားခဲ့တယ် ၊ ပြီးတော့ ကျွန်တော်နဲ့အမေအတူကဖို့သူကိုယ်တိုင် Saxophone ကိုမှုတ်ပေးခဲ့သေးတယ် ” ဆိုပြီးသူ၏ မိဘတွေဆီက 100% သဘောတူမှုရရှိခဲ့အောင် ကြိုးစားခဲ့တဲ့သူ၏ အတွေ့အကြုံကို ပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*