ကိုယ်မွေးထားတဲ့ ခြင်္သေ့ရဲ့ကိုက်သတ်တာကို မသေခင် နာနာကျင်ကျင်ခံစားခဲ့ရတဲ့ အမျိုးသား

ချက်နိုင်ငံသား အမျိုးသားတဦးဟာ မမွေးထားသင့်တဲ့ တိရိစ္ဆာန်တွေကိုမွေးထားခဲ့လို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

၎င်းအမျိုးသားကတော့ မီခဲပရာဆက်ခ် ဖြစ်ပြီး သူဟာ အိမ်မှာ ၉ နှစ်သားအရွယ်ခြင်္သေ့တစ်ကောင်နဲ့ အခြားခြင်္သေ့အမ တစ်ကောကို မွေးမြူထားတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့ရဲ့အိမ်နီးနားချင်းတွေဟာ အမြဲလိုလိုထိတ်လန့်နေရပေမယ့် သူကိုယ်တိုင်ကတော့ ရှေ့မှာရှိတဲ့ အန္တရာယ်ကို မမြင်တွေ့နိုင်ခဲ့ပါဘူး။

သို့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ၎င်းအမျိုးသားဟာ သူမွေးထားတဲ့ ၉ နှစ်အရွယ်ခြင်္သေ့ကြီးရဲ့ လက်ချက်ကြောင့်ပဲ သေဆုံးခဲ့ပါတော့တယ်။

သူ့ရဲ့အလောင်းကိုတော့ ဖခင်ဖြစ်သူက ခြင်္သေ့ရဲ့လှောင်အိမ်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး တကိုယ်လုံးမှာလည်း ခြင်္သေ့ကိုက်ခြစ်ကုတ်ဖဲ့ထားတဲ့ ဒဏ်ရာတွေနဲ့ပြည့်နေခဲ့ပါတယ်။

သူ့ရဲ့ဖခင်ဖြစ်သူဟာဆိုရင်လည်း တားမရတဲ့သားရဲ့ဆန္ဒကြောင့် အိမ်မှာ ခြင်္သေ့မွေးတာကို ခွင့်ပြုထားရပေမယ့် အခုလို သူမွေးထားတဲ့ခြင်္သေ့ကြီးကြောင့်ဘဲ သားဖြစ်သူသေဆုံးသွားကို မြင်တွေ့ရလိုက်တဲ့အတွက် ယူကြုံးမရဖြစ်ရုံကလွဲလို့ ဘာမှမလုပ်ပေးနိုင်တော့ပါဘူး။

ပရိသတ်ကြီးလည်း အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်တွေကို အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို မွေးမြူထားတာက အချိန်ခဏတာ အတွက်ပဲအဆင်ပြေပြီး ရေရှည်မှာ ကိုယ့်ကိုအန္တရာယ်ရှိလာစေနိုင်တယ်ဆိုတာလေးကို မေ့မထားကြနဲ့ဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*