သင့်ဘဝမှာ လမ်းပျောက်နေချိန် မဖြစ်မနေ ပြုလုပ်သင့်တဲ့ အရာ (၄) ခု

တစ်ချို့လူတွေဟာ သူတို့ ဘဝကို ဘယ်လို ရှေ့ဆက်သွားရမလဲဆိုပြီး တွေးပူနေတဲ့ အခြေအနေတွေ ရှိပါတယ်။

အဲ့အချိန်တွေမှာ ကိုယ့်ရဲ့ အိပ်မက်က ဘာလဲ မသဲကွဲသလို ကိုယ် ဘာဖြစ်ချင်လဲဆိုတာကို မသိတော့ တာမျိုး ရှိသလို ကိုယ် ဖြစ်ချင်တဲ့ အရာက လုံးဝ မဖြစ်နိုင်လို့ ဘာဆက်လုပ်ရမှန်း မသိတော့ တာမျိုးတွေ လည်း ရှိနေ ပါတယ်။ခုလို လမ်းပျောက်နေတဲ့ လူငယ်တွေ အတွက် အထောက်အကူဖြစ်စေဖို့  ဖော်ပြပေးလိုက် ရပါ တယ်။

 

(၁) ကိုယ့်ရဲ့ လက်ရှိအရည်အချင်းနဲ့ ဖြစ်လာနိုင်တဲ့ အရည်အချင်းကို တွေးပါ

လူတိုင်းမှာ အားသန်နေတဲ့ အရည်အချင်းတွေ ရှိပါ တယ်။ တစ်ချို့တွေက လက်မှုပစ္စည်း ပြုလုပ်ရာမှာ သင်ယူမြန် သလို တစ်ချို့တော့ အရိပ်ထဲ ထိုင်ပြီးဦးနှောက်သုံ းရတာကို အားသာ ပါတယ်။ဒါ့အပြင် တစ်ချို့ လက်နဲ့ ပန်းချီ ဆွဲတာကို သဘောကျပြီး တစ်ချို့တော့ ကွန်ပျူတာကိုပဲ အသုံးပြုပြီး ပုံဆွဲ တတ်ကြ ပါတယ်။ဒီလိုမျိုး ကိုယ့်မှာလည်း ဘယ်အရာကို ဝါသနာပါလဲ။လက်ရှိမှာ တတ်မြောက် ထားတဲ့ အရည်အချင်းနဲ့ ဒီအရည်အချင်းထက် တိုးတက်လာအောင် ကိုယ် ဘယ်လောက်လေ့လာ နိုင်တယ် ဆိုတာကို သေချာရှာပါ။

 

(၂) အရည်အချင်းနဲ့ လိုက်ဖက်မယ့် အလုပ်ကို စဉ်းစားပါ

ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်ကို အရင်ဆုံး စဉ်းစားလိုက်ပါ။ ဒီအလုပ်က ကိုယ့်အတွက် ဘယ်လောက်ထိ စိတ်ကျေနပ်မှု ရစေသလဲ၊ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဖြစ်စေနို င်သလား ဆိုတာကို တွေးပါ။လမ်းပျောက်နေတဲ့ အချိန်မှာတော့ ကိုယ့်ရဲ့ အားသာတဲ့ အရည်အချင်းကနေ အလုပ်တစ်ခုကို လုပ်ရင်း ကိုယ် တကယ် ဘာဖြစ်ချင်လဲ ဆိုတာကို တွေ့လာ နိုင်စေ ပါတယ်။ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ လက်ရှိမှာ ဘာတွေ လုပ်လို့ ရတယ်။ ဒီထက် အရည်အချင်းတွေ ပိုလာတဲ့ အခါမှာ ဘယ်အလုပ်တွေ လုပ်လို့ ရတယ် ဆိုတာကို သတ်မှတ်ထားပါ။

 

(၃) လုပ်ငန်းခွင်တွေကို ရွေးကြည့်ပါ

ကိုယ်လုပ်လို့ ရမယ့် အလုပ်တွေကို ရွေးပြီးတဲ့ အခါမှာတော့ ကိုယ်က ဘယ်လို နေရာတွေမှာ ရပ်တည်လို့ ရလဲ ဆိုတာကို လိုက်ရှ ာကြည့်ပါ။ ပန်းချီဆရာ ဆိုရင် ဘယ်လို ရပ်မယ်။သတင်းထောက် ဆိုရင် ဘယ်မီဒီယာကို ရွေးချယ်သင့်တယ် ဆိုတာတွေအပြင် ဘာသာစကားလေ့လာ သူဆိုရင် တက္ကသိုလ်တွေမှာ ကထိက ပြန်လုပ်တာမျိုး စတဲ့ လုပ်ငန်းခွင်ပုံစံတွေကို ရွေးချယ်ထား နိုင်ပါ တယ်။

 

(၄) စတင်လုပ်ဆောင်ပါ

ဒီလိုမျိုး ကိုယ့်ရဲ့ လက်ရှိ အခြေအနေ ကနေ ဖြစ်နိုင်တဲ့ အရာတွေကို တွေးပြီး အချက်အလက်တွေလည်း ရှာပြီးပြီ ဆိုရင်တော့ စတင် အကောင်အထည်ဖော်သင့် ပါပြီ။ဒီလိုမျိုး သင် အားသာတဲ့ အရာကို လုပ်ရင်းနဲ့ အဓိပ္ပာယ်ရှိရှိ နေရင်းနဲ့ သင့်ရဲ့ အိပ်မက်က လုပ်နေတဲ့အရာ ဖြစ်နိုင် သလို တခြားတစ်ခု ကိုလည်း ထပ်ရှာတွေ့ဖို့ အခွင့်အရေးလည်း ရလာနိုင် ပါတယ်နော်။ဘာမှမလုပ်ဘဲ ရပ်နေတာက သင့်ကို ပိုပြီး လမ်းပျောက်စေပြီး စိတ်ဖိစီးမူတေ ဖြစ်စေတာမို့ အခုပဲ စလုပ်သင့်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*