အမတော်မြနန်းနွယ်ရဲ့ပါးကိုနမ်းမိလို့ မသေရုံတစ်မယ် ဖြစ်ခဲ့ရသူ ( ဖြစ်ရပ်မှန် )

လုံခြုံရေး နှင့်အစစအရာရာ ကိစ္စများအတွက်ကို ဘုရားဂေါပကအဖွဲ့ကနေ ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေဟာ အလှည့်ကျ တာဝန်ယူကြရတာပါ။တစ်ရက်မှာ စာရေးသူ ဟာ မြနန်းနွယ် အဆောင် သို့ရောက်ရှိတုန်း ဝန်ထမ်းတစ်ဦးက

အမတော်အားပွဲဆက်သူတစ်ဦးအတွက် ကိုယ်စားဆုတောင်းပေးနေသည်ကို မြင်မိတယ်။အများအားဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့သည် အစီစဉ်တကျပြောဆို ပွဲအပ်ဆုတောင်းပေးကြတာပါ။ ထိုသူသည် သုံးလေးဦးဆက်တိုက် ပြောဆိုဆုတောင်းပေးပြီးနောက်

ခတ္တခဏ စာရေးသူ အနီးရှိ ထိုင်ခုံတွင် ထိုင်ပြီး နားနေတုန်းမှာစာရေးသူသိလိုသမျှကိုသွားရောက်မေးမြန်းရင်း နဲ့ စကားလက်ဆုံကျကာအမတော် မြနန်းနွယ် ရဲ့ ထူးခြားဆန်းပြားဖြစ်ရပ်များနဲ့ ဆုတောင်ပြည့်ပုံများကို မှတ်သားခဲ့ရတာပါ။

ထိုမှတ်သားခဲ့သည်များအထဲမှ အမတော် မြနန်းနွယ် ရဲ့ပါးကိုနမ်းမိ၍အသက်မသေရုံတမယ်ဖြစ်ခဲ့ရသူတစ်ယောက်အကြောင်းကို စာဖတ်သူများ သိရှိစေဖို့ ရေးသားလိုက်ပါတယ်။ထိုကု့သ်ု့ အသက်ဆူံးရှုံးရန်သိသိလေးလိုသည် အထိဖြစ်ခဲ့ရသူမှာအခြားမဟုတ်ဘဲ

ယခုထိုအကြောင်းကိုပြောပြသော ဝန်ထမ်းရဲ့ အဖေဖြစ်ပါတယ်။သူ၏ အဖေမှာ ဘုရားတွင် ဝန်ထမ်းအဖြစ် လုပ်သက်၃၅နစ် အထိလုပ်သွားသူဖြစ်ပြီးအခုတိုင် အသက် ၉၃နှစ်ထိအသက်ရှင်လျက်ရှိသေးကြောင်း ရှေးဦးစွာပြောပြတာပါ။

နာမည်မှာ ဦးဘချစ်ဖြစ်ပါတယ်။ယခုအဖြစ်အပျက်ကတော့ ဦးဘချစ် အလုပ်ဝင်စက ဖြစ်ပွားခဲ့တာပါ။သူသည် ပျော်ပျော်နေတက် မျက်နှာပြောင်တက်တယ်။တစ်ရက်မှာ သူရဲ့ စိတ်ထဲမှာ အမတော် ရဲ့ရုပ်ပုံသည် အရမ်းချစ်စရာကောင်းပြီး တော့

ချောမောလှပနေသည်ကို သာတွေးမိနေသည်။ထိုနောက်မှာ ရုတ်တရက် အမတော် နားကိုသွားပြီး အမတော်၏ ပါးကို နမ်းလိုက်မိပါတယ်။ညဘက်ရောက်သောအခမှာ ါနေရင်းထိုင်ရင်း အထက်လန်အောက်လျောဖြစ်ကာဆေးရုံသို့

ချက်ချင်းပို့လိုက်ရတယ်လို့ သိရပါတယ်။ဆေးတွေ သွင်းပြီး လူလည်းမသေရူံတမယ်သာကျန်တော့တယ်။ထို့နောက် အမတော် ကိုကန်တော့ပွဲပေးကာတောင်းပန်ရတယ်လို့ သိရပါတယ်။နောက်တွင်လည်း

အမတော် ကိုထို ကဲ့သို့မလေးမစားမလုပ်ရဲတော့ချေ။ဦးဘချစ် အတွက်တော့ ဘဝမှာ မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုအဖြစ် အမှတ်ရနေမှာ မလွဲပါဘူးနော်။နောင်လည်းအလျင်းသင့်သလို ဆက်လတ်ရေးသားပါမယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*