ကြက်ကလေး နေမကောင်းလို့ ဆေးရုံလာပြရင် ပျောက်သွားမယ်ထင်နေတဲ့ ကလေးငယ်

အိန္ဒိယနိုင်ငံ Sairang မှာနေထိုင်တဲ့ ၆နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ ရိုးသားဖြူစင်မှုဟာ အင်မတန်ချစ်စရာကောင်းပါတယ်။

သူ့စက်ဘီးလေးနဲ့ ဆေးရုံကိုအမြန်နင်းပြီး ပြေးဝင်လာတယ်။ လက်ထဲမှာ ပိုက်ဆံ ၁ဝရူပီကိုလည်း ကျစ်ကျစ်ပါအောင်ကိုင်ထားသေးတယ်။ တစ်ဖက်မှာတော့ ကြက်ကလေးကို သယ်လာတယ်။


သူ့အဖေလည်း အနောက်ကနေပြေးလိုက်လာပြီး ဆေးရုံမှ ဝန်ထမ်းတွေကိုဖြစ်ရပ်အစုံအလင်ရှင်းပြတော့တယ်။ ဒီကြက်ဟာ သူတို့အိမ်နားက ကြက်ဖြစ်ပြီး သေနေတာ သူ့သားကတွေ့လို့ စက်ဘီးနဲ့ ကြက်ကလေးကို ဆေးရုံခေါ်လာတာဖြစ်ပါတယ်။ စိတ်ထားလေး ချစ်ဖို့ကောင်းလိုက်တာ ကလေးရယ်လို့ အားလုံးက ချီးမွမ်းကြပေမယ့် စိတ်မကောင်းစွာနဲ့ပဲ သူလေးကိုချော့ရတယ်။

ကြက်ကလေးဟာ သေနေပြီ။ ဆရာဝန်တွေလည်း မကူနိုင်တော့ဘူးဆိုတာကို နားလည်အောင်ရှင်းပြရတယ်။ သူစိတ်မကောင်းဖြစ်ပြီး ဆေးရုံရောက်တာ သူနောက်ကျသွားတယ်တဲ့ ။အိမ်ကို ငိုပြီး ပြန်သွားလေရဲ့။ တစ်ဖက်က ပိုက်ဆံကို ကိုင် ၊ တစ်ဖက်က ကြက်ကလေး ကိုင်ထားတဲ့ သူ့ပုံလေးဟာ ဆိုရှယ်မီဒီယာတော့ နာမည်ကြီးသွားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*